Published
Wednesday, May 04, 2016
ကရင်ဘာသာ အစီအစဉ် (မေ ၄၊ ၂၀၁၆)
ဒေသခံ ထိုင်းအာဏာပိုင်က ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင်ဒုက္ခသည်စခန်း ၃ ခုကို မြန်မာနိုင်ငံနေရပ်သို့ ၃ နှစ်အတွင်းပြန်ပို့ဖို့ အစည်းဝေးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြို့နယ်ခွဲမှာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ ဝေါလေအခြေစိုက် အစိုးရတပ်အကြား ပစ်ခတ်လုနီးပါး တင်းမာမှုတစ်ခုဖြစ်ခဲ့ပါတယ်။
မေလ ၁ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အလုပ်သမားများနေ့ကို ထိုင်း-မြန်မာနယ်စပ်မှာလည်း အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေနဲ့ အလုပ်သမားတွေက ကျင်းပခဲ့တာတွေ အပါအဝင် အခြားသတင်းတွေကိုလဲ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။






