ဖားကန့် ကျောက်စိမ်းမှော် တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ဆက်ဖြစ် နေ

ဖားကန့် ကျောက်စိမ်းမှော် တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ဆက်ဖြစ် နေ
by -
ကေအဲန်ဂျီ
ဖားကန့် ကျောက်စိမ်းမှော် တွင် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား မေ ၁၀၊ ယနေ့ မနက်ပိုင်းမှ တဖန် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် KIA တပ်မဟာ ၂ လက်အောက် တပ်ရင်း ၆ နယ်မြေ နမ်ဂျန် ချောင်းဖျား (Nam Jang Hku) ဘက် ယနေ့ မနက်ပိုင်းမှ ပြင်းထန်စွာဖြစ်ပွားနေကြောင်း ဖားကန့် မြို့ခံ တစ်ဦးက ပြောသည်။

ထို့နောက် နေ့လယ် ဒေသစံတော်ချိန် ၁၂ နာရီခန့််က မော်ဝှမ်း ရပ်ကွက် တွင်လည်း ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ဖားကန့်ဒေသခံများမှ တဆင့် သိရသည်။

ထို့အပြင် ယမန့်နေည ၁၀ နာရီဝန်းကျင်ခန့် ကလည်း ဆိုင်းတောင် (Seng Tawng) ရဲကင်းစခန်း တစ်ခု ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ထပ်မံ သိရသည်။

လေး ရက်တာ တိုက်ပွဲအတွင်း အစိုးရနှင့် ရှမ်းနီ ပြည်သူ့စစ်တပ်တို့ဘက် အကျအဆုံး များလာသဖြင့် အစိုးရတပ်မှ တိုက်လေယာဉ် သုံးလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောနေကြသည်။

အစိုးရတပ်တွင် စကခ (၇) (ဖယ်ခုံ၊ ရှမ်းပြည်နယ် တောင်ပိုင်း) အောက် တပ်ဖွဲ့များနှင့် ရှမ်းနီ ပြည်သူ့စစ် စုပေါင်း တပ်ဖွဲ့တို့ပါဝင်နေသည်။

မေလ ၅ ရက်နေ့မှ ယနေ့အထိ နေ့တိုင်းလိုလို ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်း အစိုးရတပ်ဘက် အကျအဆုံးများ သလို KIA ဘက်လည်း ထိခို်က် ပျောက်ဆုံးမှုများ ရှိနေကြောင်း KIA သတင်းများမှ သိရသည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...