အစိုးရတပ်မှ မိုးမောက်မြို့နယ် KIA တပ် ကို လက်နက်ကြီးဖြင့် ပစ်ခတ်

အစိုးရတပ်မှ မိုးမောက်မြို့နယ် KIA တပ် ကို လက်နက်ကြီးဖြင့် ပစ်ခတ်
by -
ကေအဲန်ဂျီ
အစိုးရတပ်မှ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် အတွင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၁၅) တပ်စခန်းများ ကို လက်နက်ကြီးဖြင့် မေ ၅ ယမန်နေ့ က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

KIA တပ်မဟာ (၃) လက်အောက် တပ်ရင်း ၁၅ ဂေါင်ရီကရုန် (Gauri Krung) ရှိ စခန်းများ ကို အစိုးရ ခမရ (၃၂၀) တပ်ဖွဲ့မှ အနည်းဆုံး လက်နက်ကြီး (၈) ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယခု ပစ်ခတ်မှုနှင့် ပတ်သက်ပြီး လိုင်ဇာ ဗဟိုဌာနချုပ်မှ တာဝန်ရှိသူ KIA ဒုဗိုလ်မှူးကြီး နော်ဘူ က “တပ်ရင်း ၃ ဘက် အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတော့ရှိတယ်။ ဒါပေမယ့် ဒါက သူတို့ဘက်က စ ပစ်တာပါ။ ကျနော်တို့ ဘက်ကတော့ ပြန် မပစ်ခဲ့ဘူး” ဟု ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောသည်။

အစိုးရတပ်သည် ယင်း KIA တပ်ရင်း (၁၅) အနီး KIA တပ်ရင်း ၁ သစ်စခန်း ၂ ခုကို ယခုလ ၁ ရက်နှင့် ၂ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...