ဖားကန့်မြို့ အနီး အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်ပွား

ဖားကန့်မြို့ အနီး အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်ပွား
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် ကျောက်စိမ်းမှော် ဖားကန့်မြို့အနီး အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၆) ကြား ယနေ့ မွန်းလွဲပိုင်းမှ ညနေပိုင်း အထိ တို်က်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

အစိုးရ စစ်တပ်ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် KIA တပ်မဟာ (၂) လက်အောက် တပ်ရင်း(၆) တပ်ဖွဲ့ နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တို်က်ပွဲနှင့် ပတ်သက်ပြီး လိုင်ဇာ ဗဟိုဌာနချုပ်မှ တာဝန်ရှိသူ KIA ဒုဗိုလ်မှူးကြီး နော်ဘူ က “ဆိုင်းဖရာ ဘက် တိုက်ပွဲ ဖြစ်တယ်ဆိုတာ လောက်ပဲ အတည်ပြုနိုင်တယ်။ ဘယ်လောက် အတိုင်းအတာထိ ဖြစ်တယ် ဆိုတာလည်း မသိသေးဘူး။ ပြီးတော့ ထိခိုက်ဒဏ်ရာ ရတာလည်း မသိသေးဘူး။ အစိုးရ ဘယ်တပ်ဖွဲ့လဲ ဆိုတာလည်း မသိသေးဘူး” လို့ ကချင်သတင်းဌာန KNG ကိုပြောသည်။

တိုက်ပွဲ ဖြစ်ပွားသော နေရာမှာ KIA တပ်မဟာ (၂) လက်အောက် တပ်ရင်း ၆ နယ်မြေ၊ ဖားကန့်-ကပ်မော် လမ်းမကြီး ဖားကန့်မြို့ အနီး ဆိုင်းဖရာရွာ (Seng Hpra) အနီးတွင် ဖြစ်ပြီး မွန်းလွဲပိုင်း ၂ နာရီခန့်မှ တိုက်ပွဲ စတင် ဖြစ်ပွားလာကြောင်း သိရသည်။

အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တို့၏ တို်က်ပွဲများသည် ဧပြီလအတွင်း ဝိုင်းမော်မြို့နယ် KIA ဗဟိုဌာနချုပ် လိုင်ဇာအနီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခို်င်အနီး KIA တပ်မဟာ (၄) နယ်မြေ၊ မူဆယ်မြို့နယ် မုန်းကိုးဒေသ KIA တပ်မဟာ (၆) နယ်မြေ နှင့် ကချင်ပြည်နယ် မိုးညှင်းမြို့အနီး KIA တပ်မဟာ (၈) နယ်မြေ အသီးသီး တို့တွင်ဖြစ်ပွားခဲ့သည်။

မေလဆန်းတွင်ပင် မံစီမြို့နယ် KIA တပ်မဟာ (၃) နယ်မြေ နှင့် ယခု ဖားကန့်မြို့နယ် KIA တပ်မဟာ (၂) နယ်မြေ တို့ထိ တိုက်ပွဲများ ကျယ်ပြန့်လာပြီဖြစ်ပါသည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...