KIA နယ်မြေတွင် TNLA နှင့် RCSS တို့ ၂ ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်

KIA နယ်မြေတွင် TNLA နှင့် RCSS တို့ ၂ ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်
by -
ကေအဲန်ဂျီ
ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-state) KIA တပ်မဟာ ၄ လက်အောက် တပ်ရင်း ၈ နယ်မြေတွင် တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။

KIA တပ်မဟာ ၄ နယ်မြေတွင် ယမန်နေ့ မနက် ၉ နာရီခန့်မှ စတင်ခဲ့ သော TNLA နှင့် RCSS တို့၏ တိုက်ပွဲသည် ယခုချိန်ထိ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကာ ထိခိုက်ကျရှုံးမှုများ ရှိနေကြောင်း ယင်းဒေသရှိ KIA အရာရှိတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောသည်။

တိုက်ပွဲနေရာသည် ကွတ်ခိုင်-မူဆယ်ကားလမ်း၊ ဟူဖြတ် (Hu Hpyet) အနီးတစ်ဝိုက်တွင်ဖြစ်ပြီး ယင်းဒေသသည် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၄ လက်အောက် တပ်ရင်း ၈ နယ်မြေဖြစ်သည်။

TNLA နှင့် RCSS တို့သည် ၂၀၁၅ အောက်တိုဘာလ တစ်နို်င်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA အပြီး ရှမ်းမြောက်တွင် တိုက်ပွဲ စတင်ဖြစ်လာသည်မှာ ယခုထိ ဖြစ်သည်။

တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၏ မတ် ၂၆-၂၈ သုံးရက်သာ ‘ဝ’ ပြည် ပန်ခမ်း အစည်းအဝေး ထုတ်ပြန်ချက်တွင် ရှမ်းမြောက်တွင် ဖြစ်ပွားနေသော ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် တအောင်း တပ်မတော် TNLA တို့၏ ပဋ္ဋိပက္ခကို အမြန်ဆုံး ဆွေးနွေး အဖြေရှာကြရန်တိုက်တွန်း ထားသည်။

အကယ်၍ တစ်ဖက်က ပြဿနာဖြစ်အောင် ဆက်လက် လုပ်ဆောင်နေပါက တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ အနေဖြင့် ပူးပေါင်း တားဆီး ကာကွယ်သွားမည် ဖြစ်ကြောင်းကို သတိပေးခဲ့သည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...