နယူးယောက်မြို့ရှိ ကမ္ဘာ့ကုုလမဂ္ဂရုံုးရှေ့တွင် ရခိုင်စစ်ပွဲအရေးနှင့် ပတ်သက်ပြီး ဆန္ဒပြ

နယူးယောက်မြို့ရှိ ကမ္ဘာ့ကုုလမဂ္ဂရုံုးရှေ့တွင် ရခိုင်စစ်ပွဲအရေးနှင့် ပတ်သက်ပြီး ဆန္ဒပြ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်ရေးနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားများ အပါအဝင် မြန်မာတိုင်းရင်းသား  ၁၀၀ နီးပါးခန့်က ဧပြီလ ၃၀ ရက်နေ့က အမေရိကန်ပြည်ထောင်စုု နယူးယောက်မြို့ရှိ ကမ္ဘာ့ကုုလမဂ္ဂရုံုးရှေ့တွင်  ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ရခိုင်၌ ဖြစ်ပွားနေသော စစ်ပွဲအတွင်း ပေါ်တာဆွဲခြင်း၊ လမ်းပြ အဖြစ်စေခိုင်းခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း စသည့် လုပ်ရပ်များကို  ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြသည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ခိုင်ဘခင်က ပြောဆိုသည်။

၄င်းက ခိုင်ဘခင်က  “ မြန်မာစစ်တပ်အနေနဲ့ ထိုုးစစ်ဆင်နေတဲ့ တိုင်းသားဒေသတွေမှာ အပြစ်မဲ့ အရပ်သားပြည်သူလူထုုတွေ အပေါ် အတင်းဓမ္မစေခိုင်းတာ၊ နိုင်ထက် စီးနှင်း ပြုလုပ်နေတာတွေဟာ ဂျီနီဗာကွန်ဗေးရှန်း သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်တဲ့ အတွက် ခုလို ကုလသမဂ္ဂရုံးရှေ့မှာ လာရောက် ဆန္ဒဖော်ထုတ်ရတာပါ” ဟု သူက ပြောသည်။

New York 2

ဆန္ဒပြပွဲတွင် ပါ၀င်သူတဦးဖြစ်သည့် ဦးစောလွင်မှလည်း ”နိုင်တော် အတိုုင်ပင်ခံ ဒေါ်အောင်ဆန်းကြည်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ အမျိုးသားရင်ကြားစေ့ရေးကိုု ဦးစားပေးဆောင်ရွက်သွားမယ်ဆိုုတာ ပြောထားပြီးသား ဖြစ်တယ်။ တခါ သမ္မတ ဦးထင်ကျော်ကလည်း အမျိုးသားရင်ကြားစေ့ရေးကိုု ဦးစားပေး လုုပ်ဆောင် သွားမယ် ဆိုုတာ အတိအလင်းပြောထားပါရဲ့ နဲ့ တိုုင်းရင်းသားလက်နက်ကိုုင်တပ်ဖွဲ့တွေအပေါ် ထိုုးစစ်ဆင်နေတာတွေဟာ စစ်တပ်နဲ့ အစိုုးရက သီးခြားစီလို ဖြစ်နေတယ်”ဟုု ပြောသည်။

ဆန္ဒပြပွဲတွင်  ငြိမ်းချမ်းရေး ရရှိရေး၊ စစ်ပွဲများ ရပ်ဆိုင်းရေး စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြပြီး ဆန္ဒပြပွဲကို နေ့လယ် တစ်နာရီမှ ညနေ ၃နာရီခန့်ထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...