လေးပြင်းဒဏ်ခံ ကချင်စစ်ပြေးဒုက္ခသည်စခန်းများကို ကူညီမှု အကောင်ထည်မဖော်နို်င်သေး

လေးပြင်းဒဏ်ခံ ကချင်စစ်ပြေးဒုက္ခသည်စခန်းများကို ကူညီမှု အကောင်ထည်မဖော်နို်င်သေး
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်နားအနီးမှာရှိတဲ့ ကချင်ဒုက္ခသည်စခန်း ၈ခုမှာ ဧပြီလ ၁၉ ရက်နေ့က လေပြင်းတိုက်ခိုက်ခဲ့လို့ အိုးအိမ်တွေပျက်စီးကာ ခက်ခဲကြုံနေရပေမယ့်လည်း အကူအညီအတွက် တစုံတရာ လက်တွေ့အကောင်ထည်ဖော်လာတာမျိုး မရှိသေးကြောင်း သိရပါတယ်။

လေပြင်းဒဏ်ခံရတဲ့စခန်း ၈ ခုကတော့ ဖရဲ (Hpre) ၊ နယ်ခြားမှတ်တိုင် ၆ (masat shadaw 6)၊ နယ်ခြားမှတ်တိုင် ၈ (masat shadaw 8)၊ ဇိုင်းအောင် (Zai Awng)၊ မဂါးယန် (Maga Yang)၊ ပါဂျောင် (Pa Jau)၊ လနဇွပ် (lana Zup)၊ ဘွမ်စစ်ပါ (Bumtsit Pa) တွေဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတွေက မိုးကာ ယူနစ် ၅၀၀ ကျော်၊ စာသင်ကျောင်းဆောင် ၅ ခု၊ ဘော်ဒါဆောင် ၃ ခု၊ ကော်မတီ ရုံး ၂ခု၊ အိမ်သာ အလုံး ရ၀ ကျော် ကလေးမူကြိုအိမ် ၃ ခု နဲ့ ကျောင်းဆရာဆောင် တွေ ဖြစ်ပါတယ်။

အဲဒီထဲက အိမ်ခြေ ၂၆၀ ကျော်နဲ့ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်သွားတဲ့ မဂါးယန် စစ်ပြေးဒုက္ခသည်စခန်းမှာတော့ ကူညီပေးဖို့တစုံတရာသေချာတဲ့အဖြေမရသေးဘူးလို့ မဂါးယန်စခန်း ရုံးအုပ် ဦး ဘောက်နော် (Slg. Bawk Naw)က ပြောပါတယ်။

“အဲဒီကျောင်းတွေကို ပြန်ဆောက်ပေးသွားတဲ့ NGO တွေကို ကျနော်တို့တင်ပြထားတာရှိတယ်။ KIO ဒီ စစ်ပြေးဒုက္ခသည် စည်းရုံးရေးကော်မတီပေါ့ IRC ကိုလည်း ကျနော်တို့ပြောထားတာရှိတယ်။ ဒါပေမယ့် ဒီအချိန်ထိတော့ အဖြေတော့ မရသေးဘူး။”

အပျက်အစီးအများဆုံးဖြစ်သွားတဲ့စခန်းတွေမှာ မဂါးယန်အပြင် ဘွမ်စစ်ပါ၊ နယ်ခြားမှတ်တိုင် ၈ တွေလည်းဖြစ်ပါတယ်။

ဇိုင်းအောင် စစ်ပြေးဒုက္ခသည်စခန်းမှာဆိုရင်လည်း ပျက်စီးသွားတဲ့ စာသင်ကျောင်းနဲ့ နေအိမ်တွေကို အကူညီမရသေးလို့ ဒုက္ခသည်တွေကိုယ်တိုင် တတ်နိုင်သလောက် ပြန်ပြင်နေရတယ်လို့ ဇိုင်းအောင်စခန်းက KIO အုပ်ချုပ်ရေး-ဆဒုံးမြို့နယ် အမျိုးသမီးအဖွဲ့ကော်မတီ အတွင်းရေးမှူးဒေါ် ရွယ်ဆိုင်း (Slg. jan Roi Seng) က ပြောပါတယ်။

“ကလေး စာသင်ကျောင်းတွေ ပျက်စီးတာကကျတော့ ဒီလိုပဲ မပြင် မပြုမပြင်ဘဲနဲ့ ဒီလိုပဲထားရသေးတယ်။ ပြီးလို့ရှိရင် ကျောင်းတွင်းက ပစ္စည်းလေးတွေ ကျောင်းတွင်းကရိယာတွေလည်း တော်တော်ပျက်စီးသွားတယ်။ နည်းနည်းပါးပါး လုပ်နိုင်တဲ့ အိမ်လေးတွေကျတော့ ရွာသားတွေဝိုင်းဝန်းကူညီပြီးတော့မှလေ အမိုးလေးတွေ ပြန်ဖာထေးပြီးမှလေ အဲသလို ဖြစ်သလိုပဲ နေကြတယ် ရှင့်။ သွပ်မိုးလေးတွေကလေ လွင့်သွားတော့ တချို့က ရှာလို့ မတွေ့ဘူး။ အဲဒါတွေကျတော့ သူတို့ အိမ်နီးနားချင်းတွေမှာ ဖြစ်သလို ခိုကပ်နေကြရတယ်။”

ဒါပေမယ့်လည်း လေပြင်းဒဏ်ခံခဲ့ရတဲ့ စစ်ပြေးဒုက္ခသည်များရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့ကတော့ အတတ်နိုင်ဆုံး အကူညီပေးနို်င်ဖို့ ကြိုးစားနေတယ်လို့ ကချင်စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီရဲ့ အတွင်းရေးမှုး ဦးဇော်ရော် (Salang kaba Zau Raw) က အခုလိုပြောပါတယ်။

“ဒေသခံ မူရင်းအဖွဲ့အစည်းတွေ နောက်ပြီးတော့မှ ပြည်သူဆိုင်ရာ ကူညီရေးအဖွဲ့အစည်းတွေလည်း အခုကူညီဖို့ ဒီလိုမျိုးဖြစ်သွားတဲ့ဟာတွေကို ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့ ဆွေးနွေးနေတဲ့အကြောင်း သိရပါတယ်။”

အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေရဲ့ ၂၀၁၁ တစ်ကျော့ပြန်တိုက်ပွဲကြောင့် ကချင်ပြည်သူ ၁ သိန်းကျော်ဟာ စစ်ပြေးဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေရတာဖြစ်ပြီး လာမဲ့ဇွန်လဆိုရင်တော့ ငါးနှစ်ပြည့်တော့မှာလည်း ဖြစ်ပါတယ်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...