မကွေးဆရာတော်ဦးပါမောက္ခက “ဘုန်းကြီးတို့ မြန်မာနိုင်ငံသား ၁၃၅ မျိုးထဲမှာ “ရိုဟင်ဂျာ”ဆိုတာ မပါဝင်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ “ရိုဟင်ဂျာ”ဆိုတာ မရှိပါဘူး”ဟု အခမ်းအနားတွင် ပြောသည်။
အမေရိကန် သံရုံးမှ ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ချက် တစ်ခုတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သဲချောင်းအနီးတွင် ဧပြီလ(၁၉)ရက်နေ့က စက်လှေနစ်မြုပ်၍ သေဆုံး သွားသူများ ဘင်္ဂလီများအား “ ရိုဟင်ဂျာလူမှုအသိုက်အဝန်း” ဟု သုံးနှုန်းသွားခဲ့သည်။
ထိုသို့ သုံးနှုန်းသည်ကို လက်မခံနိုင်သဖြင့် မြန်မာ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက အမေရိကန်သံရုံး၏ ကြေညာချက်အပေါ် တုန့်ပြန်သည့် အနေဖြင့် သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း သိရသည်။

“အမေရိကန်သံရုံးကတာဝန်ရှိသူတွေနဲ့ အမေရိကန် အစိုးရသိစေဖို့ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးတွေဟာ ဘင်္ဂလီတွေကို ခိုးဝင်လူတန်းစားလို့ သတ်မှတ်ထားပြီးတော့ ”ရိုဟင်ဂျာ”ဆိုတာ လုံးဝမရှိပါဘူးလို့ နိုင်ငံတော်ကလည်း အကြိမ်ကြိမ်ပြောထားပြီးသားဖြစ်ပါတယ်။ အဓိကပြောကြားချင်တာက ဘင်္ဂလီဆိုတဲ့ သူတွေကို”ရိုဟင်ဂျာ”လို့ သုံးနှုန်းနေတဲ့ နိုင်ငံခြား အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ သတင်းသမားတွေ အကုန်လုံးကို “ရိုဟင်ဂျာ”ဆိုတဲ့ အသုံးအနှုန်းကို ရပ်တန့်ပေးဖို့ လေးလေး နက်နက် တောင်းဆိုပါတယ်” ဟု ဆန္ဒပြပွဲ ဦးဆောင်သူ မြန်မာ့အမျိုးသားရေးကွန်ရက် ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်က အခမ်းအနားတွင် ပြောဆိုသည်။
တိုင်းရင်းသားလူငယ်တစ်ဦးဖြစ်သည့် ကိုရွှေသိန်းလှက ” မရှိတဲ့လူမျိုးကို ရှိတယ်ဆိုပြီးတော့ ကြော်ငြာတဲ့ အတွက် မျိုးချစ်ကွန်ရက်တွေနဲ့ လာရောက်အားဖြည့် ဆန္ဒဖော်ထုတ်တာပါ။ ”ရိုဟင်ဂျာ”ဆိုတာ အရင်တုန်းကလည်း မရှိဘူး။ခုလည်းမရှိဘူး။နောက်လည်း ရှိလာမှာ မဟုတ်ပါဘူး”ဟု နိရဥ္စရာသို့ ပြောသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် ဆရာတော်ဦးဝိရသူ သဝဏ်လွှာ အပါအဝင် သဝဏ်လွှာ အသီးသီးအား ဖတ်ကြားပြီး အမေရိကန်သံရုံးသို့ အိတ်ဖွင့်သဝဏ်လွှာပေးပို့ရာ သံရုံးမှ တာဝန်ရှိသူတစ်ဦးက လက်ခံယူခဲ့သည်။

ဆန္ဒထုတ်ဖော်ပွဲကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ငြိမ်းစုစီခွင့်ပြုချက်မှာ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် ခွင့်ပြုသော်လည်း ရန်ကုန်တက္ကသိုလ်ရှေ့မှ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးရှေ့ထိ စီတန်းလှည့်လည်ခဲ့ကြကာ အမေရိကန်သံရုံးရှေ့တွင် စုဝေး၍ ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ ဟောပြောခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ပွဲအား ခွင့်ပြုသည့်နေရာတွင် မပြုလုပ်သည့်အတွက် ဦးဆောင်လျှောက်ထားခဲ့သူ မြန်မာ့အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်အား ပုဒ်မ ၁၉ ဖြင့် အရေးယူမည်ဖြစ်ကြောင်း တောင်ပိုင်းခရိုင် ဒုတိယရဲမှူးကြီး ဦးကျော်ထွဋ်က သတင်းမီဒီယာများအား ပြောသည်။







