Published
Monday, April 25, 2016
ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာသို့ စစ်ပြေးရှောင် ၃၁၄ ဦး ခိုလုံ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်(ခ) တောင်မော်ကျေးရွာသို့ စစ်ပြေးရှောင် ကျေးရွာသား ၃၁၄ ဦး ခိုလုံရန် ရောက်ရှိနေကြသည်။
၎င်းကျေးရွာသားများမှာ နတ်အိုင်၊ ကျော်လမ်းချောင်း၊ အဘုစသည့် ရွာများမှ ဖြစ်ကြပြီး ရခိုင်၊ ခမီး၊ ဒိုင်းနက်၊ ချင်းတို့စသည့် လူမျိုးများ ဖြစ်ကြသည်။
ကျော်လမ်းချောင်းကျေးရွာသား တစ်ဦးကမူ သူတို့ရွာသို့ အမြောက် ကျည်ဆံ ကျရောက်ပြီး သရက်ပင်ကိုင်းများ ကျိုးကျရာမှ ကြောက်ပြီး ထွက်ပြေးလာကြောင်း နိရဥ္စရာသို့ ပြောကြားသည်။







