လိုင်ဇာ အနီး တိုက်ပွဲတွင် KIA ဘက် ထိခိုက် သေဆုံး ဒဏ်ရာရ

လိုင်ဇာ အနီး တိုက်ပွဲတွင် KIA ဘက် ထိခိုက် သေဆုံး ဒဏ်ရာရ
by -
ကေအဲန်ဂျီ
ယမန်နေ့ နေ့လယ်ပိုင်း အစိုးရတပ်မှ ကချင်လွတ်လပ်ရေး တပ်မတော် KIA ပေါင်စေး (Pau Se) ရှေ့တန်းစခန်းကို တိုက်ခိုက်ရာတွင် KIA မှ သေဆုံး ဒဏ်ရာရမှုရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲမှာ ယမန်နေ့ မနက်ပိုင်း ၁၁ နာရီခန့် တနင်္ဂနွေ ဝတ်ပြုအပြီး အစိုးရမှစစ်ကြောင်း သုံးကြောင်းဖြင့် တိုက်ခိုက်လာခြင်းဖြစ်ပြီး KIA ဘက် ၂ ဦး သေဆုံးပြီး ရ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KIA ရှေ့တန်းသတင်းများ ပြောသည်။

ထို့ကြောင့် ယင်း KIA စခန်းကို ထပ်မံ ဆုတ်ခွာ ပေးလိုက်ရပြီ ဖြစ်ကြောင်း သိရသည်။

ယင်းအကြောင်းနှင့် ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIA ဒု ဗိုလ်မှုးကြီး နော်ဘူကို မေးမြန်းရာတွင် ထိခိုက်ကျဆုံးမှု စာရင်းကို မသိရသေးကြောင်း ကချင်သတင်းဌာန KNG ကိုပြောခဲ့သည်။

ယခု သိမ်းပိုက်မှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရတက်ပြီး သုံးပတ်အတွင်း အစိုးရတပ်၏ သုံးခုမြောက် KIA ရှေ့တန်းစခန်းကို သိမ်းပိုက်မှု ဖြစ်သည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...