တြိဂံဒေသ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ယာ မီး မရှို့နိုင်

တြိဂံဒေသ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ယာ မီး မရှို့နိုင်
by -
ကေအဲန်ဂျီ
ကချင်လူမျိုးများ ဆင်းသက်လာရာ ဌာနေဖြစ်သည့် ကချင်ပြည်နယ် တြိဂံဒေသ (Uma Ga)တွင် ထူးထူးခြားခြား မိုး အဆက်မပြတ် ရွာသွန်း နေမှုကြောင့် ယခုနှစ် တောင်ယာ မီးမရှို့နိုင်သေးကြောင်း သိရသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလမှ ယနေ့ ဧပြီ ၁၈ ရက်နေ့ အထိတွင် စုစုပေါင်း ၂ ရက်ခန့်သာ မိုးမရွာဘဲ နေထွက်ခဲ့သောကြောင့် ဒေသခံအများစုမှာ တောင်ယာ မီးမရှို့နိုင်သေးကြောင်း ယင်းဒေသခံများက ပြောဆိုနေကြသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်သည့် တြိဂံဒေသ ဟု ခေါ်ဆိုသော မေခမြစ်နှင့် မေလိခမြစ် ကြား (Mali-N’Mai Walawng) နှင့် ခရန်မြစ်နှင့် မေလိခမြစ် ကြား (Mali-Hkrang Walawng) ဒေသ တို့တွင် ပြည်သူ ထောင်ဂဏန်း နေထိုင်ပြီး အဓိက တောင်ယာ လုပ်ငန်းဖြင့် အသက်မွေးကြသည်။

နေသာခဲ့သည့် ၂ ရက်အတွင်း တချို့တောင်ယာ မီးရှို့နိုင်ခဲ့သော်လည်း အကုန် မလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လာမည့် မေလ အထိ မီး မရှို့နို်င်ပါက ယခုနှစ်အတွက် အစားအသောက် စိုးရိမ်ရမည့် အခြေအနေရှိကြောင်း သိရသည်။

ဆွမ်ပရာဘွမ် (Sumprabum) မြို့အနီး တြိဂံဒေသ မလိယန် (Mali Yang) စစ်ပြေးဒုက္ခသည် (IDPs) များကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ အစားအသောက်နှင့် ဆေးဝါးများကို ကူညီပေးနေသည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...