သင်္ကြန် ပြီးခြင်း အစိုးရတပ်က KIA ကို ပြန်လည် တိုက်ခိုက်

သင်္ကြန် ပြီးခြင်း အစိုးရတပ်က KIA ကို ပြန်လည် တိုက်ခိုက်
by -
ကေအဲန်ဂျီ
သင်္ကြန် ပြီးနောက် မြန်မာ အစိုးရတပ်သည် ကချင် လွတ်လပ်ရေး တပ်မတော် KIA ဗဟိုဌာချုပ် လိုင်ဇာ အနီး ရှေ့တန်းစခန်းငယ် တစ်ခုကို ဧပြီ ၁၇၊ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်ရှိ နမ့်ဆန်ယန် (Nam San Yang) အနောက်ဘက် KIA တပ်ရင်း ၁၈ အောက် ပြည်သူ့စစ် MHH အဖွဲ့များရှိရာ ပေါင်စေး (Pau Se) ရှေ့တန်း စခန်းငယ်သို့ အစိုးရတပ်များ ဝင်ရောက် လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း လိုင်ဇာမှ KIA ဒုဗိုလ်မှုးကြီး နော်ဘူ ကချင်သတင်းဌာကို KNG ကို ပြောပါသည်။

တိုက်ပွဲဖြစ်ပွားချိန်မှာ နာရီပိုင်းခန့်လောက်သာဖြစ်ပြီး ထိခိုက်မှုစာရင်းရှိသော်လည်း အသေးစိတ် မဖော်ပြနိုင်သေးကြောင်း သူက ဆက်ပြောသည်။

အစိုးရတပ်သည် မြစ်ကြီးနား-ဗန်းမော် လမ်းမကြီး တလျှောက် နမ့်ဆန်ယန် (Nam San Yang)၊ ဂန်ဒေါင်ယန် (Gang Dau Yang) နှင့် အခြားကျေးရွာများတွင် ကျန်ရှိနေသော ပြည်သူများကို ဧပြီလအတွင်း အကုန်ပြောင်းရွှေ့ပေးရန် အမိန့်ထုတ်ထားကြောင်း သိရသည်။

ထို့အပြင် နှစ်ဖက် တိုက်ပွဲ ဖြစ်လာပြီးနောက် မြစ်ကြီးနားမှ လိုင်ဇာ သွားရာတွင် အသုံးပြုသည့် မိုင်ဆက်ပါ (Maisak Pa) လမ်းကြောင်း ကိုလည်း ယခု လဆန်းပိုင်းမှ ပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့နှစ်သစ်ကူး သင်္ကြန်မတိုင်ခင် တပတ်အလို ဧပြီ ရ နှင့် ၈ တွင် အစိုးရတပ်မှ KIA ဌာနချုပ် လိုင်ဇာအနီး တပ်ရင်း ၁၈ ၏ ဆွတ်ရှန်စခန်း (Sut Shang Post) နှင့် အင်ဘူကောင်စခန်း (Nbu Kawng Post) တို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် ယခုတိုက်ခိုက်မှုသည် နှစ်သစ်ကူးအပြီး အစိုးရတပ်မှ KIA ကို ပထမဆုံး အကြိမ် တိုက်ခိုက်မှုဖြစ်သည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...