စစ်တွေ သဲချောင်းတွင် စက်လှေနစ်၍ ၁၈ ဦးသေ၊ အများအပြား ပျောက်ဆုံးနေ

စစ်တွေ သဲချောင်းတွင် စက်လှေနစ်၍ ၁၈ ဦးသေ၊ အများအပြား ပျောက်ဆုံးနေ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်းဝ ပင်လယ်ပြင်တွင် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာက ခုတ်မောင်းလာသော လူတင်စက်လှေ တစ်စီးနစ်ရာမှ ဘင်္ဂလီလူမျိုး ၁၈ ဦး သေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။

“ ဟုတ်ပါတယ်။ အလောင်း ၁၈ လောင်းရပါပြီဗျာ။ ပျောက်တာကတော့ သုံးဆယ်ကျော်လောက် ပျောက်တယ်။ အသက်ရှင်ပြီး ၉ ယောက် ကယ်ဆယ်နိုင်တယ်။ သုံးယောက်က ထိခိုက်ဒဏ်ရာ ရသွားတဲ့ အတွက် ဆေးရုံတင်ထားရပါတယ်” ဟု စစ်တွေမြို့မ ရဲစခန်းမှ ရဲအုပ် အေးခင်မောင်က ပြောသည်။

၎င်းစက်လှေသည် ယနေ့နံနက် ရ နာရီခွဲခန့်က ပေါက်တောမြို့နယ် ဆင်တက်မော် ဘင်္ဂလီ ဒုက္ခသည် စခန်းမှ ထွက်ခွာလာခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် စစ်တွေ သဲချောင်းဝ ပင်လယ်ကမ်းခြေမှ တစ်မိုင် အကွာတွင် ပင်လယ်ပြင်တွင် လိူင်းထန်ပြီး နစ်သွားခဲ့ကြောင်း သူက ဆက်လက် ပြောကြားသည်။

ပင်လယ်ပြင်တွင် ပျောက်ဆုံးနေသူများကို ဆက်လက် လိုက်ရှာနေပြီး ပျောက်ဆုံးနေသူ ဘယ်နှစ်ဦးရှိသည်ကို စာရင်း အတိအကျ မရသေးကြောင်း၊ စက်လှေပေါ်တွင် လူပေါင်း လေးဆယ်ကျော် ပါလာသည်ဟု သိရကြောင်း ရဲအုပ်က ပြောကြားသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...