တိုက်ပွဲအတွင်း ယာယီတပ်ရင်းမှူးတစ်ဦးအပါအဝင် အရာရှိ၊ စစ်သည်တချို့ ကျဆုံးခဲ့

တိုက်ပွဲအတွင်း ယာယီတပ်ရင်းမှူးတစ်ဦးအပါအဝင် အရာရှိ၊ စစ်သည်တချို့ ကျဆုံးခဲ့
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် (AA) နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင် ယာယီတပ်ရင်းမှူးတစ်ဦးအပါအဝင် အရာရှိ၊ စစ်သည်တချို့ ကျဆုံးခဲ့ကြောင်း ကကပြည်မှ တိုက်ပွဲ ဖြစ်ပွားရာ မြေပုံနှင့် တကွ ဧပြီ ၁၈ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ပါသည်။

AA အဖွဲ့ထံမှ  ဆက်သွယ်ရေးမြောင်းများနှင့် ပစ်ကျင်းများ တူးဖော်ထားရှိသည့် ယာယီအခြေပြုနေရာများကို သိမ်းပိုက်ရရှိခဲ့ကာ လူနေတဲများ၊ ဒေသန္တရလက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများ၊ ချပ်ဝတ်တန်ဆာများ၊ တခြားအသုံးအဆောင် ပစ္စည်းများနှင့် ရိက္ခာများကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

တိုက်ပွဲမှာ နှစ်နေရာနှစ်ခုတွင် နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ဧပြီလ ၁၆ ရက်နေ့တွင် ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဍားကျွန်းမြို့နယ် အကြား ၀ါးနွေအနီး လောရမ (သြရမ) တောင်တန်း၌ တကြိမ်၊ ၎င်းနေ့ ညနေပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ် အစပ် တောဖျားချောင်း နတ်သရွေး ဆိုသည့် ကျေးရွာနားတွင်  တကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်တွေ အခြေစိုက်  ခလရ ၂၃၂ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူးမျိုးမင်းထွန်းကျသွားခဲ့ကြောင်း၊ နောက်ထပ် တခြား အရာရှိစစ်သည်များလည်း ကျဆုံးမှု ရှိကြောင်း၊ သို့အတွက် တိုက်ပွဲမှာ ပိုမို ပြင်းထန်လာနိုင်ကြောင်း ရက္ခိုင့်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခမှ မီဒီယာများသို့ ပြောဆိုသည်။

ယခုတိုက်ပွဲအတွင်း AA ဘက်မှ တပ်သား ၁၀၀ ခန့် ပါ၀င်ခဲ့ကြောင်း၊  AA  အဖွဲ့သည် ၂၀၁၅ ခုနှစ်၊ မတ်လတွင် ၁ ကြိမ်၊ ဒီဇင်ဘာလတွင် ၁ ကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် အမှတ်(၆၈)နှင့်(၇၁) အကြား နယ်မြေမှတစ်ဆင့် အတွင်းပိုင်း ဖြစ်သည့် ပလက်ဝ၊ ကျောက်တော်နယ်မြေများသို့ အခြေခံနယ်မြေ တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်လာခဲ့မှုများ ရှိခဲ့ကြောင်းဖြင့်လည်း  ကကပြည်မှ  ထုတ်ပြန်သော သတင်းတွင် ဖော်ပြထားသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...