တတိယအကြိမ်မြောက် ဓါတုဗုဒ္ဓပူဇနိယပွဲတော် ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတွင်ကျင်းပ

တတိယအကြိမ်မြောက် ဓါတုဗုဒ္ဓပူဇနိယပွဲတော် ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတွင်ကျင်းပ
by -
နိရဥ္စရာ
တတိယအကြိမ်မြောက် ဓါတုဗုဒ္ဓပူဇနိယ ပွဲတော်ကို ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ အလိုတော်ပြည့် ကျောင်းတိုက်တွင် ဧပြီလ ၁၇ ရက် ညနေပိုင်း မြန်မာနှစ်ဆန်း တစ်ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

“အခု ပူဇော်နေတဲ့ ဓါတ်တော်တွေဟာ ဗုဒ္ဓရဲ့ ဓါတ်တော်အစစ်ဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ ဦးနှောက်တော်ဓါတ်၊ အရိုးတော်ဓါတ်၊ အသားတော်ဓါတ် နောက်ပြီးတော့ ရဟန္တာဓါတ်တွေ ဖြစ်ပါတယ်။ ဦးဇင်တို့ နိုင်ငံက နိုင်ငံသူနိုင်ငံသားတွေ ဖူးမျှော်ကြည်ညို သဒ္ဒါတရားပွားများနိုင်အောင် အန္တရာယ်ကင်း ဘေးရှင်းဖို့အတွက် ဦးဇင်းတို့ နိုင်ငံမှာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အခက်အခဲ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့အတွက် ဆရာတော်ကြီးက မေတ္တာဂရုဏာရှေ့ထားပြီး ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု အလိုတော်ပြည့်ဆရာတော်ကြီး၏ ပြောရေးဆိုခွင့်ရှိသူ ဆရာတော် ဦးကုမာရက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

narinjara201

အဆိုပါဓါတ်တော်များမှာ အလိုတော်ပြည့်ဆရာတော် ဦးအရိယဝံသ သီရိလင်္ကာနိုင်ငံသို့ သမ္မတ၏ ပင့်ဆောင်မှုကြောင့် ၂၀၁၄ ခုနှစ်က ကြွရောက်စဉ် သိရိလင်္ကာ သမ္မတက လှူဒါန်းလိုက်သည့် ဓါတ်တော်များ ဖြစ်သည်ဟု သိရသည်။

ဓါတုဗုဒ္ဓပူဇနိယ ပွဲကို သစ်သီး၊ ဆွမ်း၊ ရေးချမ်း၊ ဆီမီး၊ ပန်း ဆက်ကပ်လှူဒါန်းပြီး အခမ်းအနားကို ညနေ ၄ နာရီတွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ကရင်တိုင်းရင်းသားရေးဝန်ကြီးအပါအဝင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် ရန်ကုန်မြို့တော်ဝန်တို့ တက်ရောက်ခဲ့ကြသည်ဟု ဦးကုမာရက ပြောသည်။

narinjara2002

နှစ်ဆန်းတစ်ရက်နေ့က ပြုလုပ်သော ဓါတုဗုဒ္ဓပူဇနိယ ပူဇော်ပွဲသို့ ရခိုင်အမျိုးသား ဗွီဒီယိုနှင့် ရုပ်ရှင်သရုပ်ဆောင် နေထက်လင်း၊ ရခိုင်အဆိုတော် ကိုကိုနိုင် ဗျာလနှင့် ကိုသန်းဆွေ၊ မြန်မာရုပ်ရှင်သရုပ်ဆောင် အောင်ခိုင်၊ ချောစုခင်၊ ဆုပန်ထောအပါအဝင် ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် ၂၀ ခန့်က လာရောက်ဖျော်ဖြေခဲ့ကြပြီး၊ ရခိုင်ရိုးရာ ဗုဒ္ဓပူဇနိယအက၊  မြန်မာ့နန်းတွင်းအကနှင့် ရုပ်သေးအကများဖြင့်လည်း ကပြဖျော်ဖြေခဲ့ကြသည်။

အလားတူ ဓါတုဗုဒ္ဓပူဇနိပွဲကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မုဇဲကျွန်းရှိ ဗုဒ္ဓခြေတော်ရာတည်ရှိနေရာနှင့် ပုဂံညောင်ဦးရှိ အလိုတော်ပြည့်ကျောင်း၌လည်း နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသည်ဟု သိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...