KIO နယ်မြေတွင် သင်္ကြန်ပွဲတော် ကျင်းပ

KIO နယ်မြေတွင် သင်္ကြန်ပွဲတော် ကျင်းပ
by -
ကေအဲန်ဂျီ
‘ထာဝရ ဘုရားသခင် ကျွနု်ပ်တို့၏ အောင်မြင်ခြင်း’ (Anhte a awng padang Yehowa Karai Kasang) ခေါင်းစဉ်ဖြင့် ခရစ်ယာန် ကချင်အမျိုးသားများကို ယနေ့ထိ ဦးဆောင်နေသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် ဗုဒ္ဓဘာသာ ယုံကြည်သူများ၏ သင်္ကြန်ပွဲတော်ကို ကျင်းပနေကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF-မြောက်ပိုင်း) အဖွဲ့များနေသည့် ဂျန်ထုန် လခွမ်းဘွမ် (Janghtung Lahkum Bum) နှင့် ရခိုင်တပ်မတော် (AA) တို့၏ မုန်လိုင်ခက် (Munglai Hkyet) တို့တွင် ဧပြီ ၁၃ မှ သံချပ်ထိုးပွဲများဖြင့် သင်္ကြန်ပွဲတော်ကို ဆင်နွှဲနေခြင်းဖြစ်သည်။
 
ထို့အပြင် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၄ ဌာနချုပ် မိုင်ဂျာယန်မြို့တွင်လည်း ရှမ်းလူမျိုးများမှ မြန်မာ့နှစ်သစ်ကူး ရေသင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင် ပြုလုပ်နေသည်။
 
သို့သော်လည်း KIO ထိန်းချုပ်နယ်မြေတွင်း ရေလောင်းပွဲတော်ကို ကချင်လူမျိုးများ ပါဝင်ခြင်း မရှိကြောင်း သိရသည်။
 
ယခင် နှစ်များတွင်လည်း KIA စစ်ရုံးချုပ် (Dai Lawn Rung) ၏ အားပေးခြင်း၊ ငွေကြေး ထောက်ပ့ံပေးခြင်း အားဖြင့် သင်္ကြန်ပွဲတော်ကြီးများကို လိုင်ဇာ ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...