အစိုးရတပ်ကို KIA မှ ဗုံးဖြင့် တုံ့ပြန် တိုက်ခိုက်

အစိုးရတပ်ကို KIA မှ ဗုံးဖြင့် တုံ့ပြန် တိုက်ခိုက်
by -
ကေအဲန်ဂျီ
ယမန်နေ့ လိုင်ဇာ ဗဟိုဌာနချုပ်အနီး ဘန်ဒေါင်ယန် (Ban Dawng Yang) KIA တပ်ရင်း (၁၈) ၏ ရှေ့တန်း စခန်းငယ် ၂ ခုအား အပြင်းအထန် တိုက်ခိုက်သိမ်းပိုက် လိုက်သော အစိုးရတပ်ကို ယနေ့ KIA တပ်ဖွဲ့များမှ ဗုံးဖြင့် ပြန်လည် တုံ့ပြန် တိုက်ခိုက်ခဲ့သည်။

ဒေသ စံတော်ချိန် မနက် ၉ နာရီခန့်အချိန် KIA တပ်ဖွဲ့မှ ဆုတ်ခွာသွားသည့် နေရာသို့ ဝင်ရောက်လာသည့် အစိုးရတပ်ကို အဝေးထိန်း ဗုံးလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက် ကျဆုံးမှု များနိုင်ကြောင်း KIA ရှေ့တန်းသတင်းမှ ပြောသည်။
 
ယခုလို ထိခိုက်ခံရမှုကို မကျေနပ်သော အစိုးရတပ်များသည် အနီးနားတွင်ရှိသော KIA တပ်များကို လက်နက်ကြီးများဖြင့် အချိန် အတန်ကြာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
 
တိုက်ပွဲ ဖြစ်ပွားနေမှု သည် ယခုချိန် ရပ်တန့်နေသော်လည်း စစ်ရေးအခြေအနေမှာ ပိုပိုတင်းမားလာနေဆဲ ဖြစ်ကြောင်း သိရသည်။
 
မြန်မာအစိုးရတပ်သည် မြစ်ကြီးနား-ဗန်းမော်ကားလမ်းမ အနောက်ဘက် နမ့်ဆန်ယန်ကျေးရွာ ၏ အောက်ပိုင်း တွင်ရှိသော KIA တပ်များ အားလုံးကို လုံးဝ ရှင်းလင်းပစ်မည့် ‘စစ်ဆင်ရေး’ ပြုလုပ်နေကြောင်း ပြောသည်။ ယခုချိန် မြစ်ကြီးနား၊ ဗန်းမော်ဘက်မှ စစ်အင်အား အလုံးအရင်းကြီးကိုလည်း ယင်းဒေသသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။
 
ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သည် ယခု တက်လာသည့် အရပ်သား အစိုးရသစ်နှင့် နိုင်ငံရေး ဆွေးနွေးရေးကို အဓိက ထားသော်လည်း တစ်ဖက်မှာ အစိုးရတပ်၏ ထိုးစစ်ဆင် တိုက်ခိုက် နေမှုများကို ခုခံသွားမည် ဖြစ်ကြောင်း KIA အရာရှိများကပြောသည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...