Miss Myanmar Yangon 2015 အလှမယ် ထွန်းပုလဲရတနာအား ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ ့မှ သံတမန်ခန့်အပ်

Miss Myanmar Yangon 2015 အလှမယ် ထွန်းပုလဲရတနာအား ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ ့မှ သံတမန်ခန့်အပ်
by -
နိရဥ္စရာ
အလှမယ် ထွန်းပုလဲရတနာအား ရန်ကုန်မြို့ တာမွေမြို့နယ် တာမွေကလေး ရပ်ကွက် ပင်ရွှေညောင် လမ်းရှိ Sky Star Hotel တွင် ဧပြီလ ရ ရက် နေ ့ ၃ နာရီက ကျင်းပပြုလုပ်သော သတင်းနှင့်စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားတွင် ရခိုင်အမျိုးသားလူမူ ကယ်ဆယ်ရေး အဖွဲ ့ (ရန်ကုန်) မှ ရာသက်ပန် သံတမန် ခန့်အပ်လိုက်သည် ဟု သတင်း ရရှိသည်။

မြန်မာနိုင်ငံအတွင်းရှိ ပရဟိတ လူမူရေး လုပ်ငန်းဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယနေ့ ဧပြီလ ရ ရက်နေ့မှ စတင်၍ Miss Myanmar Yangon 2015 / Miss Gorgeous 2015 / Miss Oasis 2015 ပြိုင်ပွဲတွင် ဆုများကို ရရှိခဲ့သော ထွန်းပုလဲ ရတနာကို အသိအမှတ်ပြု ခန့်အပ်လိုက်ကြောင်း ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေး အဖွဲ ့(ရန်ကုန်) ဥက္ကဋ္ဌ ကိုသန်းဆွေက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

” အရင်တုန်းကလည်း ရုပ်ရှင် အနုပညာသမားတွေ ရှိခဲ့ပါတယ်။ သူတို ့လည်း လူမှုရေး လုပ်ငန်းတွေကို စိတ်ဝင်တစား ဝိုင်းဝန်း ကူညီဆောင်ရွက်ပေး ပါတယ်။ လူသိများ ထင်ရှားတဲ့ အနုပညာသမားတွေဆိုတော့ ပရဟိတ လုပ်ငန်းတွေမှာ ပိုပြီး ထိရောက်မှုရှိပါတယ်” ဟု

Miss Myanmar Yangon 2015 မထွန်းပုလဲရတနာက” မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါတယ်။ ပရဟိတလုပ်ချင်တဲ့ စိတ်တွေ အပြည့်ရှိတာကြောင့် ကိုယ်စွမ်းရှိသလောက် ကြိုးစားပြီး လုပ်ဆောင် သွားမှာပါ”ဟု အခမ်းအနားတွင် ဆိုသည်။

Tun Pale Ratana

အခမ်းအနာတွင် ရခိုင်အမျိုးသားလူမူကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) မှ နိုင်ငံခြားရေးတာဝန်ခံ ကိုမြင့်မောင်ဌေး က ဂုဏ်ပြု စကားပြောကြားပြီး ၊ ဥက္ကဋ္ဌ ကိုသန်းဆွေ က Miss Myanmar Yangon 2015 ရရှိထားသော ထွန်းပုလဲရတနာအား သံတမန်ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့သည်။

Miss Myanmar Yangon 2015 ထွန်းပုလဲရတနာသည် ဆေးတက္ကသိုလ် (ရန်ကုန်)၏ ဒုတိယနှစ် ကျောင်းသူတစ်ဦးဖြစ်ပြီး Miss Gorgeous 2015-Miss Oasis 2015 ပြိုင်ပွဲ တွင် ဆုများရရှိထားကာ မော်ဒယ် တစ်ဦးအနေဖြင့် အနုပညာလုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အခမ်းအနားတွင် Miss Myanmar Yangon 2015 နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဒေါ်သင်းသပြေ မှ ရှင်းလင်းပြောကြား သည်။ အခမ်းအနားသို ့သတင်း မီဒီယာ ၃၀ ကျော်နှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ ့(ရန်ကုန်)ကို ၂၀၁၂ ခုနှစ်တွင် အလိုတော်ပြည့် ဆရာတော်ကြီး၏ သြဝါဒဖြင့် စတင်ဖွဲ ့စည်းခဲ့ပြီး လူထုအကျိုးပြု လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို အဓိက ဆောင်ရွက်ကာ ၂၀၁၅ ခုနှစ်တွင် နိုင်ငံတော် သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆုကို ရရှိထားကြောင်း သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...