ကျောက်တော်ရဲစခန်းမှ နောက်ဆုံး လက်ကျန် ရခိုင်လူငယ် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ

ကျောက်တော်ရဲစခန်းမှ နောက်ဆုံး လက်ကျန် ရခိုင်လူငယ် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံရသူများ အထဲမှ နောက်ဆုံး ကျန်ရှိနေခဲ့သည့် ရခိုင် လူငယ်တစ်ဦး ကို ကျောက်တော်မြို့နယ် တရားရုံးမှ ယနေ့ ဧပြီလ ရ ရက်နေ့တွင် ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်နွယ် ပတ်သက်မှုဖြင့် ထောင် ၅ နှစ် ချမှတ်လိုက်သည်။

၎င်းလူငယ်သည် ကျောက်တော်မြို့နယ် တရားရုံးမှ ထောင်ချခံရသူများ အထဲတွင် ၃၈ ယောက်မြောက် လူငယ် ဖြစ်ကြောင်း သိရသည်။

FB IMG 1460003551861“ရက္ခိုင့်တပ်မတော် အေအေကဖြစ်ကြောင်း ဝန်ခံပါတယ်။နောက်ပြီးတော့ တရားခွင်မှာလည်း သင်္ကြန်မတိုင်ခင် အမိန့်ချဖို ့ တရားသူကြီးကို သူကိုယ်တိုင် ပြောထားပုံရပါတယ်။ တရားလို၊ သက်သေတွေ ဖြစ်တဲ့ ရဲတို ့၊ စရဖ တို ့လည်း လာရောက်ထွက်ဆိုကြပါတယ်။ ဒါကြောင့် မြန်မြန် အမိန် ့ချလိုက်တယ်လို ့ ထင်ပါတယ်”ဟု အဆိုပါ ဖမ်းဆီးထောင်ချ ခံရသူများအား အကူအညီပေးနေသည့် ကိုကျော်လှမြင့်က နိရဥ္စရာ သတင်းဌာနသို ့ ပြောသည်။

၎င်းလူငယ်မှာ မင်းပြားမြို့နယ် ပန်းမြောင်းမြို့ အနီးတွင် တည်ရှိသော ပွဲရက္ကံဆိပ်ကျေးရွာမှ ဦးဦးသာကျော်၏ သား မောင်ဘိုသန်း (၂၅) နှစ်ဖြစ်ပြီး သူ ့အား မြောက်ဦး အခြေစိုက် ခမရ (၃၇၈)မှ ရက္ခိုင့် တပ်မတော်နှင့် ဆက်စပ် သံသယဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး နှစ်လနီးပါး အကြာ မတ်လ ၂၂ ရက်နေ့က ကျောက်တော် ရဲစခန်းသို့ လွှဲပြောင်းခဲ့သည်။

ထို ့နောက် ဧပြီလ ၄ ရက်နေ ့က ကျောက်တော်တရားရုံးတွင် စတင်ရုံးထုတ် တရားစွဲဆိုခဲ့ပြီး ဒုတိယ အကြိမ်ရုံးထုတ်သည့် ယနေ ့တွင် အပြီးသတ်အမိန် ့ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်နေသူ ကိုကျော်လှမြင့် က နိရဥ္စရာ သတင်းဌာနသို ့ ပြောသည်။

မောင်ဘိုသန်းအား မတရားအသင်း ပုဒ်မ ၁၇/ (၁)ဖြင့် ၃ နှစ် ၁၇ (၂) ဖြင့် ၅ နှစ်ချမှတ်ရာတွင် တပေါင်းတည်း ပြစ်ဒဏ် ချခံစေရန် အမိန် ့ချမှတ်သည့် အတွက် ထောင်ဒဏ် ၅ နှစ်ကျခံရမည်ဖြစ်ကြောင်းသိရသည်။

ထို ့အပြင် စစ်တွေမြို့နယ်တရားရုံးတွင်လည်း အေအေ နှင့် ဆက်စပ်မှုဖြင့် ဖမ်းဆီးခံထားရသူ ၁၃ ဦးအားလည်း ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်မတော် အေအေ နှင့် ဆက်သွယ်မှုဖြင့် ကျောက်တော် မြို့နယ် တရားရုံးတစ်ခုတည်းမှ ထောင်ဒဏ် ချမှတ်ခံရသူ စုစုပေါင်း ၃၈ ဦးရှိသွားပြီဟု သိရသည်။ ထောင်ချခံရသူများမှာ မတ်လ ၁၆ ရက်နေ ့က ၂ ဦး၊ မတ်လ ၃၀ ရက်နေ ့က ၁၂ ဦး၊ မတ်လ ၃၁ ရက်နေ ့က ၁၁ ဦး၊ ဧပြီလ ၄ ရက်နေ ့က ၆ ဦး၊ ဧပြီလ ၆ ရက်နေ ့က ၆ ဦး နှင့်ဧပြီလ ရ ရက် ၁ဦး တို့ ဖြစ်သည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...