ဓညဝတီ ရေတပ်စခန်းမှ ကားတိုက်မိ၍ ၃ နှစ် အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံး

ဓညဝတီ ရေတပ်စခန်းမှ ကားတိုက်မိ၍ ၃ နှစ် အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ စည်မော်ရွာတွင် ယနေ့ နံနက်၁၀ နာရီခန့်က ဓညဝတီရေတပ်စခန်းမှ စစ်ကားတစ်စီး တိုက်၍ ၃ နှစ် အရွယ်ကလေးငယ်တစ်ဦးသေဆုံးသွားကြောင်း သတင်း ရရှိသည်။

Army car hit a childrenသေဆုံးသွားသူ မိန်းကလေးငယ်မှာ စည်မော်ရွာမှ ဦးကျော်စွာမင်းရဲ့ သမီး ပွင့်နဒီမောင် (၃) နှစ်ဖြစ်ကြောင်း ကျောက်ဖြူမြို့မ ရဲစခန်းမှ အတည်ပြု ပြောကြားသည်။

“ဓညဝတီရေတပ်စခန်းက ကားပျက်လို့ တွန်းယင်းနဲ့ မတော်တဆ တိုက်မိသွားတာပါ။ တိုက်တဲ့ စစ်ကားက ယာဉ်အမှတ် (ဒ- ၅၁၀၂)ယာဉ်မောင်းဖြစ်ပါတယ်။ ဒုတပ်ကြပ် အောင်ကိုလတ် မောင်းနှင်တဲ့ ကားပါ” ဟု ရဲစခန်း တာဝန်ကျသူက နိဥရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

အောင်ကိုလတ်အား ကားအရမ်းပေါ့ဆစွာ မောင်းနှင်မှု၊ လူသေမှု (ပ)၁၇/၁၆ ပုဒ်မ ၃၄၀ (က)  ဖြင့်  ကျောက်ဖြူ မြို့မ ရဲစခန်းမှ အရေးယူ အမှုဖွင့်ထား ကြောင်း ရဲတာဝန်ရှိသူက ဆက်ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် သိလိုသဖြင့် စည်မော်ရွာသို့ ဖုန်းဖြင့် ဆက်သွယ်ရာ  ယခုအချိန်ထိ အဆက်အသွယ် မရသေးပါ။

ကျောက်ဖြူ ဓညဝတီရေတပ်စခန်းမှ ကားဖြင့် စပါးခွံ ဖွဲများလာသယ်စဉ်  ကားပျက်၍ တွန်းနိုးရာမှ အရှိန်လွန်ပြီး ၎င်းမိန်းကလေးငယ်အား တိုက်မိသွားကြောင်း သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...