မာန်အောင်လေယာဉ်ကွင်း တိုးချဲ့ရာတွင် လျော်ကြေးနည်း၍ မယူသူ အိမ်ခြံပိုင်ရှင်များကို တရားစွဲမည်

မာန်အောင်လေယာဉ်ကွင်း တိုးချဲ့ရာတွင် လျော်ကြေးနည်း၍ မယူသူ အိမ်ခြံပိုင်ရှင်များကို တရားစွဲမည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မာန်အောင်မြို့ စမုံတဲ လေယာဉ်ကွင်းကို တိုးချဲ့ရာတွင် လျော်ကြေးနည်း၍ လက်မခံသူ အိမ်ခြံ ပိုင်ရှင်များကို တရားစွဲမည်ဖြစ်ကြောင်းနှင့် လေယာဉ်ကွင်းနှင့် မလွတ်သော ဘုန်းတော်ကြီးကျောင်းကိုလည်း ဆက်လက် ဖြိုဖျက်နေသည်ဟု သိရသည်။

မာန်အောင်မြို့ မြက်မန်းချောင်ကျောင်း ဆရာတော်ဦးစိတ္တက ” ဦးဇင်းတို့ ဘာမှပြောလို့ မရတာ။ မနေ့က ဆိုရင် သိမ်ကိုပါ ဆက်ဖြိုပါတယ်။  ဖြိုဖျက်တာက အဆောက်အဦး ၄ ခုရှိပါပြီ။ အထက် လူကြီးတွေ လုပ်တာပါ” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

သက်ဆိုင်ရာမှ ဘုန်းတော်ကြီးကျောင်း အစားပြန်လည်ဆောက်ပေးမည်ဟုပြောကြောင်း၊ သို့သော် လက်တွေ့တွင် မဆောက်လုပ်ရသေးကြောင်း ဆရာတော် ကဆက်ပြောသည်။

Kawng Hka zuhpawng sumla

လျော်ကြေးငွေနည်းလွန်းသဖြင့်  မယူဟု ငြင်းဆိုကာ ဆက်လက် ရပ်တည် နေထိုင်သူ အိမ်ခြံ ပိုင်ရှင်များကိုလည်း တရားစွဲဆိုမည်ဟု ကုမ္ပဏီ တာဝန်ရှိသူများက ပြောဆိုထားသည်ဟု သိရသည်။

အိမ်ခြံပိုင်ရှင် တစ်ဦးဖြစ်သူ ဦးဖြူသီးက “ကျွန်တော်တို့ ခြံက ၁ ဧကကျော် ကျယ်ပါတယ်။ အိမ်အပါအဝင်ပေါ့။ အဲဒါကို ၅၁ သိန်းပေးတယ်။ အဲငွေကအခုစျေးနဲ့ မြေတစ်ကွက်စာတောင် မရှိဘူး။ ကျွန်တော်တို့ ငွေမယူရင် တရားစွဲမယ် ဆိုပြီးတော့ မာန်အောင်မြို့နယ် စိမ်းလန်း စိုပြေရေးကုမ္ပဏီမှ ဦးထွန်းကြည် က မနေ့က လာပြောပါတယ်” ဟုနိရဥ္စရာသို့ ပြောသည်။

လျော်ကြေးနည်းလွန်းသဖြင့် အိမ်များကို ရွှေ့မပေးဘဲ ဆက်လက် နေထိုင်နေသူများမှာ ဦးတင်နု၊ ဦးဖြူသီး၊ ဦးသိန်းစိုးမောင်နှင့် ဒေါ်ခင်မြလွင်တို့ ဖြစ်ကြသည်။

“လျော်ကြေမယူလို့ လယ်ယာမြေ အပေါ် ကျူးကျော် နေထိုင်သူများ အဖြစ်နဲ့ တရားစွဲမယ်လို့ ခြိမ်းခြောက်တာ ခံထားရပါတယ်။ စွဲမယ်ဆိုလည်း စွဲပေါ့။ ကျွန်တော်တို့ ဘိုးဘွားစဉ်ဆက် နေလာတဲ့မြေကို ကျွန်တော်တို့ ကတော့ သင့်တင့်တဲ့ လျော်ကြေးကိုရမှ ပြောင်းရွှေ့ ပေးနိုင်မှာပါ” ဟုဦးတင်နုက ပြောသည်။

အကျယ်အဝန်း ၀ ဒဿမ ၄၉  နှင့် ၀ ဒဿမ ၄၅ ရှိ မြေကွက် နှစ်ကွက်ကို ကျပ် ၈၂ သိန်းသာပေးသဖြင့်  လက်မခံနိုင်ကြောင်း ဦးတင်နုက ဆက်ပြောသည်။

မာန်အောင်မြို့ လေယာဉ်ကွင်း တိုးချဲ့ရေးကို လျော်ကြေးငွေ ပေးအပ်ရာတွင် မကျေလည်မှုများ ရှိသဖြင့် ယခင် ဦးသိန်းစိန် အစိုးရက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က စတင်ပြီး နောင် အစိုးရ လက်ထက်တွင် စဉ်းစားဆောင်ရွက်နိုင်ရန် ရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။

သို့သော်လည်း  အစိုးရသစ် တက်ပြီး တစ်ရက် အကြာ ဧပြီလ ၂ ရက်နေ့တွင် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ် ခြံဝင်များကို ဘိုဒူဇာများ အသုံးပြုကာ ဖြိုဖျက်လာခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...