အစိုးရ ကျောက်မျက်ရတနာ ဥပဒေ ကို ဖားကန့် ပြည်သူများ ဆန္ဒပြမည်

အစိုးရ ကျောက်မျက်ရတနာ ဥပဒေ ကို ဖားကန့် ပြည်သူများ ဆန္ဒပြမည်
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် ဖားကန့်မြို့တွင် အစိုးရ၏ ကျောက်မျက်ရတနာ  ဥပဒေကို ကန့်ကွက်သည့် လူထု ဆန္ဒပြပွဲ ကြီးကို မနက်ဖြန် ဧပြီ ၂ ရက်နေ့ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

hpakant kachin jade mineသမ္မတ ဦးသိန်းစိန်၏  ၂၀၁၆ ဇန်နဝါရီ ၂၉ ပြည်ထောင်စု လွတ်တော်တွင် ဒုတိယအကြိမ် ပြဌာန်းခဲ့သည့် ကျောက်မျက်ရတနာ ဥပဒေ သည် အများပြည်သူကို အကျိုးမပြု လေလံစနစ် ဖြစ်သောကြောင့် သာမန်ပြည်သူများ လုပ်ကိုင်နိုင်ရန် ခက်ခဲသွားစေကြောင်း လူထု လှုပ်ရှားမှု ဆန္ဒပြပွဲ ဦးဆောင်မည့် ဖားကန့် မြို့ခံ တစ်ဦးက ပြောသည်။

ထို့အပြင် ကျောက်မျက်ရတနာ ဥပဒေကန့်ကွက်မှုကို ထောက်ခံသည့် ပြည်သူ ငါးထောင်ကျော်၏ လက်မှတ်များကိုလည်း နိုင်ငံတော် အစိုးရထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဒေသခံများ နေထိုင်သည့် နေအိမ်နှင့် မဝေးသည့် နေရာများတွင် ကုမ္ပဏီ ကျောက်တူးဖော်ရေး လုပ်ငန်းများမှ မိုင်းခွဲခြင်းတို့ ပြုလုပ်နေသဖြင့် မြေကွဲအက်ခြင်း၊ မြေပြိုခြင်း တို့လည်း ဖြစ်ပေါ်နေသည်။
 
ထို့အပြင် ဖားကန့် အများပြည်သူပိုင် လမ်းမများပေါ်တွင် ကုမ္ပဏီ ကားကြီးများ သွားလာနေခြင်းကြောင့် ယဉ်တိုက် သေဆုံးမှုများ မကြာခဏ ဖြစ်ပွားနေဆဲဖြစ်သည်။
 
ထို့ကြောင့် ဖားကန့် ဒေသခံများမှ လွန်ခဲ့သော အပတ် မတ်လ ၂၂ နှင့် ၂၃ တွင်လည်း ဖားကန့်မြို့ ရပ်ကွက်၊ ကျေးရွာတိုင်း မှာ လမ်းပိတ် ဆန္ဒပြခဲ့ကြသည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...