အမေရိကန်သံအမတ်နှင့် ANP ကိုယ်စားလှယ်များ သီးသန့်တွေ့ဆုံ

အမေရိကန်သံအမတ်နှင့် ANP ကိုယ်စားလှယ်များ သီးသန့်တွေ့ဆုံ
by -
နိရဥ္စရာ
 မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာစကော့မာစီရယ်နှင့် ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားတချို့ နေပြည်တော်ရှိ Crystal Hotel တွင် မတ် ၃၀ ရက်နေ့ နေ့လည် ၂ နာရီခွဲ အချိန်တွင် သီးသန့်တွေ့ဆုံမှု တစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှစော၊ ဒေါ်ခင်စောဝေ အပါအဝင် အခြားပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အဆင့် သုံးဦးတို့က တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်၏ လတ်တလော အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ဒေါ်ခင်စောဝေက မဇ္စျိမကို ပြောကြားခဲ့သည်။

“ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝ ဖွံဖြိုးတိုးတက်ဖို့ရယ်၊ ရခိုင်ပြည်နယ်မှာ လက်ရှိ ရင်ဆိုင်နေကြရတဲ့ လူမျိုးခြားတွေရဲ့ အရေးတွေကို စိတ်ဝင်တစားမေးတာပါ၊ သူ့အနေနဲ့ ရခိုင်ပြည်နယ် အကြောင်းကိုလည်း အရမ်း စိတ်ဝင်စားတယ်လို့ ပြောတယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာစကော့မာစီရယ်  က လက်ရှိ ရခိုင်အမျိုးသားပါတီနှင့် အမျိုးသား ဒီမိုကရေစီချုပ်တို့ကြား ဖြစ်ပွားနေသည့် အခြေနေများကိုလည်း မေးမြန်းဆွေးနွေးခဲ့ကြပြီး ရခိုင်ပြည်နယ်ကို လေ့လာရေးခရီးအဖြစ် လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်းလည်း ဒေါ်ခင်စောဝေက မဇ္စျိမကို ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာစကော့မာစီရယ် အနေနှင့် မြန်မာနိုင်ငံသို့ မတ် ၂၆ ရက်က တာဝန်ထမ်းဆောင်ရန် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး  လေးရက်အကြာ မြန်မာနိုင်ငံ၏ တိုင်းရင်းသား ပါတီများအနက် ရခိုင်အမျိုးသားပါတီဝင်များနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...