အစိုးရတပ်နှင့် ရှမ်းတပ်ဖွဲ့များ KIA တပ်မဟာ ၆ နယ်မြေတွင် တိုက်ပွဲဖြစ်

အစိုးရတပ်နှင့် ရှမ်းတပ်ဖွဲ့များ KIA တပ်မဟာ ၆ နယ်မြေတွင် တိုက်ပွဲဖြစ်
by -
ကေအဲန်ဂျီ
KIA တပ်မဟာ ၆ နယ်မြေတွင် အစိုးရတပ်မ ၉၉ နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA တပ်ဖွဲ့များ ယမန်နေ့က အချိန် ၅ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

SSPP/SSA တပ်မဟာ ၁ မှ အင်အား ၂၀၀ ခန့်နှင့် အစိုးရတပ်မ ၉၉ အင်အား ၂၀၀ ကျော်ခန့်တို့သည် ယမန်နေ့ မနက်ပိုင်း ၁၀ နာရီမှ မွန်းလွဲပိုင်း ၃ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွွားခဲ့ပြီးနောက် ရှမ်းတပ်များသည် ယင်းနေရာမှ ဆုတ်ခွာသွားပြီး အစိုးရတပ်များ ကျန်ရှိနေသေးကြောင်း KIA တပ်မဟာ ၆ အရာရှိတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာသည် KIA တပ်မဟာ ၆ နယ်မြေ မုန်းဘော် အနောက်ဘက်၊ မန်နောင်းရွာ အလွန် ခ ရာ တွင်ဖြစ်သည်။ ယင်း ရှေ့တစ်ရက်က မန်းနောင်းရွာတွင် KIA တပ်ရင်း ၃၇ တပ်ဖွဲ့များကို အစိုးရတပ်မှ ကြားဝင်တိုက်ခို်က်ခဲ့သော နေရာဖြစ်သည်။

KIA တပ်မဟာ ၆ နယ်မြေတွင် စစ်ရေးလှုပ်ရှားနေသော ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းနှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA တို့သည် SSA တံဆိပ်ဖြင့်သာ သွားလာနေသောကြောင့် ခွဲခြားရန်ပင် ခက်ခဲနေကြောင်း KIA အရာရှိတစ်ဦး ပြောသည်။

ရှမ်းတပ်ဖွဲ့များမှ KIA တပ်ဖွဲ့များကို နောက်ယောင်ခံ လိုက်နေတာဖြစ်ပြီး ရှမ်းတပ်များ၏ နောက်တွင် အစိုးရတပ်မှ အမြဲလိုလို ပါလာနေကြောင်း KIA တပ်မဟာ ၆ မှ ထိပ်တန်းအရာရှိတစ်ဦးက လွန်ခဲ့သည့် နှစ် ရက်က ကချင်သတင်းဌာန KNG ကို ပြောခဲ့သည်။

ထို့အပြင် ယခုကဲ့သို့ နောက်ယောင်ခံနေမှုများသည် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးအပြီး ဖြစ်ပေါ်လာသော အခြေအနေများ ဖြစ်ကြောင်းကို ယင်းအရာရှိက ပြောသည်။

လွန်ခဲ့သည့် အောက်တိုဘာ ၁၅ NCA လက်မှတ်ထိုးပြီးနောက် နို်ဝင်ဘာလမှ စပြီး ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တပ်ဖွဲ့များနှင့် တအောင်းတပ်မတော် PSLF/TNLA တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်လာခဲ့သည်။

ထို့အတူ အစိုးရတပ် အင်အား ၃၀၀၀ ကျော်လည်း ရှမ်းပြည်နယ်မြောက်ပို်င်းတွင် စစ်ရေးလှုပ်ရှား နေပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် NCA လက်မှတ် မထိုးသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ၏ ဖေဖော်ဝါရီ ၂၁ ထုတ်ပြန်ချက်တွင် အစိုးရမှ NCA ကို နိုင်ငံရေး စစ်ရေးလက်နက် သဖွယ် အသုံးပြုလာနေကြောင်း ဖော်ပြခဲ့သည်။
 
ထို့အတူ မတ်လ ၂၆ မှ ၂၈ အထိ ပြုလုပ်သော တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ရ ဖွဲ့ ၏ သုံးရက်ကြာ ‘ဝ’ နယ် UWSP/UWSA ပန်ခမ်း အစည်းအဝေးတွင် လက်ရှိ RCSS နှင့် TNLA တို့ကြား ဖြစ်နေသည့် ပြဿနာကို ညှိနှိုင်းအဖြေရှာပြီး နှစ်ဦးနှစ်ဖက် ချက်ချင်း အပစ်အခတ် ရပ်စဲရန် တောင်းဆိုထားသည်။ အကယ်၍ တစ်ဖက်က ပဋ္ဋိပက္ခ ဖြစ်ပွားအောင် ဆက်လက်ဆောင်ရွက်နေပါက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည် ပူးပေါင်း၍ တားဆီး ကာကွယ်သွားမည် ဖြစ်ကြောင်းလည်း သတိပေးထားသည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...