လီဆူ လူမျိုးများ ကို အနိုင်ကျင့် သတ်ဖြတ်ခြင်း မရှိကြောင်း KIA ပြော

လီဆူ လူမျိုးများ ကို အနိုင်ကျင့် သတ်ဖြတ်ခြင်း မရှိကြောင်း KIA ပြော
by -
ကေအဲန်ဂျီ
လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေးပါတီ) ၏ မတ် ၂၄ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ချက်ပါ ကချင် လွတ်လပ်ရေး တပ်မတော် KIA ၏ လီဆူ လူမျိုးများအပေါ် လက်နက်အားကိုး အနိုင်ကျင့် တိုက်ခိုက် သတ်ဖြတ်နေကြောင်း စွပ်စွဲထားချက်များကို KIA က ယနေ့ ငြင်းဆန်လိုက်သည်။

ပါတီ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖြစ်စဉ်အကျဉ်းနှင့် သဘောထားကြေငြာချက် ဟူ၍ နှစ်ပိုင်းခွဲထားကာ ပထမ ပိုင်း ဖြစ်စဉ် ၁ နှင့် ၂ တို့တွင် KIA မှ ယခု နှစ်ဆန်းပိုင်း လီဆူ လူမျိုးများကို ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆဒုံး၊ ကန်ပိုင်တီ ဘက်ရှိ KIA တပ်ဖွဲ့ အခြေနေများကို ကချင် လွတ်လပ်ရေး အဖွဲ့ KIO လိုင်ဇာ ဗဟိုဌာနချုပ်မှ ဒုဗိုလ်မှုးကြီး နောဘူ က အခုလို ပြောသည်။

“သူတို့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ အကုန်လုံး မှန်တယ် ဆိုတဲ့အချက် တစ်ချက်မှ ကျနော် မတွေ့ဘူး။ အဲဒီ လူသတ်တယ်၊ နှိပ်စက်တယ် ဆိုတာ ကျနော်တို့ မဟုတ်ဘူး။ ကျနော်တို့ တောင်မှ တရားခံကို စုံစမ်း နေတာဖြစ်တယ်။ သူတို့ကလည်း ဒါကို သက်သေနဲ့တကွ လုပ်တာမျိုးလည်း မဟုတ်ဘူး။ ရန်သူတွေ ပြောလာတဲ့ အတိုင်းပဲ ထုတ်ပြန်လိုက်တာ ဖြစ်လိမ့်မယ်။ ဥပမာ ငွှါးလေးမှာ ဖြစ်သွားတဲ့ လူသတ်မှုတွေ ဆိုရင် ဘယ်သူ လုပ်မှန်းတောင် မသိဘူး။ အဲကြောင့် ကျနော်တို့ကို အပြစ်တင်တယ် ဆိုတာလည်း သူတို့ တစ်ဖက်သတ ်ပြောတာတွေ ပါဘဲ။ ကျနော်တို့က လက်မခံ ဘူး”

ထို့အပြင် KIO မှ လုပ်ဆောင်နေသည့် မူးယစ်တိုက်ဖျက်ရေး အကြောင်းနှင့် ပတ်သက်ပြီး ဒုဗိုလ်မှူးကြီး နော်ဘူ က အခုလို ဆက်ပြောသည်။

“ကျနော်တို့က သူတို့ကို ဘိန်းမစိုက်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပြီ။ ပညာလည်း ပေးခဲ့ပြီးပြီ။ အဲဒီမှာ မနာခံဘူး ဆိုတော့ သူတို့ကို ဖမ်းဆီးတာတွေ လုပ်တယ်။ ဖမ်းဆီးတယ် ဆိုပေမယ့် နှိပ်စက်တာတို့ သတ်ဖြတ်တာတို့ လုပ်ဖို့ မဟုတ်ဘူး။ အမြင်ပွင့်စေဖို့ ပညာပေးဖို့ ပြီးရင် ပြန်လွှတ် ပေးလိုက်တာပဲ”

ယခု ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး လီဆူ အမျိုးသားဖွ့ံဖြိုးတိုးတက်ရေး ပါတီ (L.N.D.P) ဥက္ကဋ္ဌ ဦးရွှေမင်း က ကချင် သတင်းဌာန KNG ကို အခုလို ပြောကြားသည်။

“KIA ဆိုတာ Kachin Independence Army ပါ။ ကချင်ကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုက KIA အဖွဲ့ဝင် အချို့တွေ လုပ်နေတာပေါ့။ တစ်ခုလုံးကိုတော့ ကျနော် မပြောလိုဘူး။ သို့သော် တစ်ဦး တစ်ယောက်က လုပ်တယ်ဆိုရင် KIA လုပ်တယ်လို့ပဲ သဘော သက်ရောက်ပါတယ်။ အဲကြောင့် ဒါက ကျနော်တို့ ပြည်သူတွေ အားလုံးက ဒါကို လူမျိုးရေး တိုက်ခို်က်တယ်လို့ ခံစား မြင်တွေ့နေရတယ်။ တကယ်တမ်းလည်း အဲလိုဖြစ်နေတဲ့ အတွက်ကြောင့် သဘောထား ထုတ်ပြန်ရခြင်း ဖြစ်တယ်”

လီဆူ လူမျိုးများသည်လည်း အခြားသော ဂျိန်းဖော့၊ လချိတ်၊ လော်ဝေါ (မရူ)၊ ဇိုင်ဝါး (အဇီး)၊ ရဝမ် တို့နည်းတူ ကချင်တိုင်းရင်းသား မျိုးနွယ်စုထဲမှ တစ်ခုဖြစ်သည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...