ချင်းမိုင် မြန်မာ အသင်းတော် ၁၄ နှစ်ပြည့် မွေးနေ့ ကျင်းပ

ချင်းမိုင် မြန်မာ အသင်းတော် ၁၄ နှစ်ပြည့် မွေးနေ့ ကျင်းပ
by -
ကေအဲန်ဂျီ
ထိုင်းနို်င်ငံ ချင်းမိုင်မြို့တွင် ပထမဆုံး မြန်မာဘာသာဖြင့် ၀တ်ပြုကိုးကွယ်သော အသင်းတော် ၏ ၁၄ နှစ်ပြည့် မွေးနေ့ ချီးမွမ်းပွဲကို မြန်မာပြည်မှ နာမည်ကျော် အဆိုတော်များနှင့်တကွ မတ် ၁၉-၂၀ နှစ်ရက်သာ ပြုလုပ်ခဲ့သည်။

‘ချင်းမိုင် ကျေးဇူးတော် အသင်းတော် (Grace Church in Chiang Mai)’ ကို ၂၀၀၂ ခုနှစ် ကိုးရီးယား သာသနာပြု ဆရာ Rev. David Shin ဦးဆောင်မှုဖြင့် ယခု အသင်းတော်၏ သင်းအုပ်ဆရာ ဖြစ်သော Rev. Steven Dee တို့မှ အစပြု တည်ထောင်ခဲ့သည်။

၁၄ နှစ်တာကာလအတွင်း အသင်းတော်သည် သာသနာအမှုတွင် သာမက ဒုက္ခရောက်နေသော မြန်မာနုုိ်င်ငံသားများနှင့် ရွှေ့ပြောင်း အလုပ်သမားများကို နေထိုင်ခွင့်လက်မှတ်(အလုပ်သမား လက်မှတ်) ကူညီပေးခြင်း၊ သာရေး နာရေး ကိစ္စ ကူညီပေးခြင်း ပြုလုပ်ခဲ့သည်။

မူလက အသင်းတော်ကို ချင်းမိုင်မြို့တွင် အသင်းတော် မရှိသော မြန်မာပြည်မှ ချင်းလူမျိုး ရွေ့ပြောင်း အလုပ်သမားများ အတွက် ရည်ရွယ် တည်ဆောက်ခြင်း ဖြစ်သည်။ သို့သော်လည်း မကြာမီမှာပင် မြန်မာပြည်သား လူမျိူးပေါင်းစုံ အပတ်စဉ် ဝတ်ပြုလျက်ရှိသော အသင်းကြီး တစ်ခု ဖြစ်လာသည်။

ယခု ပြုလုပ်သော နှစ်ရက်တာ မွေးနေ့ ကျေးဇူးတော်ချီးမွမ်းပွဲတွင် Dream Ministry International အဖွဲ့မှ နိုင်ငံကျော် အဆိုတော် နောနော်၊ ဂျေးမီ၊ ဒရမ်အတီး ပညာရှင် ဆိုင်းအောင်တို့မှ မိမိတို့ အသင်းသားသစ် ပြောင်းလဲလာရခြင်း အကြောင်းများကို သက်သေခံပြီး ဂုဏ်တော်ချီးမွမ်းသွားခဲ့သည်။

ထို့အပြင် DMI နိုင်ငံတကာ ခရစ်ယာန် သာသနာပြု အဖွဲ့ ခေါင်းဆောင် Rev. David Lah မှလည်း နှစ် ရက်တာ ဝိညာဉ်တော် နှိုးထခြင်း နှုတ်ကပတ်တော်ဖြင့် ခွန်အားပေးသွားသည်။

ထိုင်းနိုင်ငံသည် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းကျော် ရှိရာ အများစုမှာ တိုင်းရင်းသားလူမျိူးများ ဖြစ်ကြသည်။

ဗုဒ္ဓဘာသာ ထိုင်းနိုင်ငံတွင် ယခင်က မြန်မာ အသင်းတော် တည်ဆောက်ရန် မဖြစ်နိုင်သော အခြေအနေမှ ၁၄ နှစ်တိုင် ‘ချင်းမိုင် ကျေးဇူးတော် အသင်းတော်’ ကို ပို့ဆောင်သောကြောင့် ဘုရားသခင်ကို အသင်းတော်မှ ချီးမွမ်းခြင်း ဖြစ်သည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...