အစိုးရ စစ်ကြောင်း ကို KIA တပ်ရင်း ၃၆ ဗုံးဖြင့် တိုက်ခိုက်

အစိုးရ စစ်ကြောင်း ကို KIA တပ်ရင်း ၃၆ ဗုံးဖြင့် တိုက်ခိုက်
by -
ကေအဲန်ဂျီ
ယနေ့ နံနက် ၅ နာရီခန့်တွင် အစိုးရ တပ်မ ၉၉ စစ်ကြောင်းကို ပန်ဆိုင်း (ကြူကုတ်) မြို့အနီး ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၃၆ မှ ဗုံးဖြင့် တိုက်ခို်က်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၆ နယ်မြေအတွင်း အစိုးရ တပ်မ ၉၉ စစ်ကြောင်းသည် မုန်းကို ဒေသသို့ သွားရန် ပန်ဆိုင်းမှ စထွက်လာချိန် ဂိတ်အနီး နမ်ဘာတက် ရွာတွင် ဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခို်က်ခဲ့ဖြစ်ကြောင်း KIA တပ်မဟာ ၆ အရာရှိတစ်ဦးက ကချင်သတင်းဌာန KNG ကို အတည်ပြုပြောကြားသည်။

ဗုံးပေါက်ကွဲပြီးနောက် နှစ်ဖက် တိုက်ပွဲ မရှိကြောင်း သိရသည်။

အစိုးရတပ်မှ မိုင်းပေါက်ကွဲသည့် နေရာအနီး လူနေအိမ်သို့ သေနတ်ပစ်ခတ်ခြင်းကြောင့် နမ်ဘာတက် ရွာသား တရုတ်လူမျိုး ရိုဂရာရှင်း သည် ထိခိုက်ဒဏ်ရာ ရရှိသဖြင့် ယခုချိန် တရုတ်နိုင်ငံ မန်ရှီဆေးရုံတွင် ဆေးကုသ ခံနေရကြောင်း သိရသည်။

ဗုံးပေါက်ခွဲခြင်းကြောင့် အစိုးရတပ်ဘက် ထိခိုက်ကျဆုံးမှုသတင်းကို မသိရသေးသော်လည်း ယခုချိန် ၄င်းစစ်ကြောင်းသည် မုန်းကို ဒေသသို့ ဆက်လက် ချီတက်သွားနေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA တပ်မဟာ ၆ ကို မုန်းကို ဒေသမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က တရားဝင် တိုးချဲ့ ဖွဲ့စည်းပြီးနောက် အစိုးရတပ် အင်အား ၂၀၀၀ ကျော် ၄င်းဒေသမှာ နယ်မြေရှင်းလင်းရေး ပြုလုပ်နေခြင်းဖြစ်သည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...