အစိုးရတပ် က KIA တပ်မဟာ(၆) ကို ‘မိုးပြာ စစ်ဆင်ရေး’ ဆင်နွှဲရန် ပြင်ဆင်နေ

အစိုးရတပ် က KIA တပ်မဟာ(၆) ကို ‘မိုးပြာ စစ်ဆင်ရေး’ ဆင်နွှဲရန် ပြင်ဆင်နေ
by -
ကေအဲန်ဂျီ
မြန်မာ အစိုးရတပ်မှ စစ်အင်အား အလုံးရင်းဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၆) ကို ‘မို်းပြာ စစ်ဆင်ရေး’ ဆင်နွှဲရန် ပြင်ဆင်နေကြောင်း KIA တပ်မဟာ (၆) က ပြောသည်။

ယခုချိန် အစိုးရတပ် တပ်မ (၆၆)နှင့် (၉၉) အပါအဝင် စစ်အင်အား ၂၀၀၀ ကျော်သည် KIA တပ်မဟာ (၆) မုန်းကို ဒေသတွင် အားဖြည့် ရောက်ရှိပြီး ဖြစ်ကြောင်း တပ်မဟာ (၆) ထိပ်တန်း အရာတစ်ဦး ကချင်သတင်းဌာန KNG ကို အတည်ပြုပြောသည်။

ဖေဖော်ဝါရီ (၂၉) အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) မှ KIA တပ်မဟာ (၆) တိုးချဲ့ ဖွဲ့စည်းမှုကို ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည့် နေ့မှ ယင်းဒေသသို့ အစိုးရ စစ်အင်အား တိုးချဲ့ ဝင်ရောက် လာနေကြောင်း KIA တပ်မဟာ (၆) အရာရှိများက ဆိုသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ် ရေးထိုးပြီးနောက် မုန်းကို ဒေသသို့ ၀င်ရောက်လာသော သျှမ်းပြည်နယ် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တပ်ဖွဲ့များ သည် အစိုးရတပ်များနှင့်အတူ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း ဒေသခံများ ဆိုသည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...