အစိုးရတပ် က KIA တပ်မဟာ(၆) ကို ‘မိုးပြာ စစ်ဆင်ရေး’ ဆင်နွှဲရန် ပြင်ဆင်နေ

အစိုးရတပ် က KIA တပ်မဟာ(၆) ကို ‘မိုးပြာ စစ်ဆင်ရေး’ ဆင်နွှဲရန် ပြင်ဆင်နေ
by -
ကေအဲန်ဂျီ
မြန်မာ အစိုးရတပ်မှ စစ်အင်အား အလုံးရင်းဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၆) ကို ‘မို်းပြာ စစ်ဆင်ရေး’ ဆင်နွှဲရန် ပြင်ဆင်နေကြောင်း KIA တပ်မဟာ (၆) က ပြောသည်။

ယခုချိန် အစိုးရတပ် တပ်မ (၆၆)နှင့် (၉၉) အပါအဝင် စစ်အင်အား ၂၀၀၀ ကျော်သည် KIA တပ်မဟာ (၆) မုန်းကို ဒေသတွင် အားဖြည့် ရောက်ရှိပြီး ဖြစ်ကြောင်း တပ်မဟာ (၆) ထိပ်တန်း အရာတစ်ဦး ကချင်သတင်းဌာန KNG ကို အတည်ပြုပြောသည်။

ဖေဖော်ဝါရီ (၂၉) အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) မှ KIA တပ်မဟာ (၆) တိုးချဲ့ ဖွဲ့စည်းမှုကို ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည့် နေ့မှ ယင်းဒေသသို့ အစိုးရ စစ်အင်အား တိုးချဲ့ ဝင်ရောက် လာနေကြောင်း KIA တပ်မဟာ (၆) အရာရှိများက ဆိုသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ် ရေးထိုးပြီးနောက် မုန်းကို ဒေသသို့ ၀င်ရောက်လာသော သျှမ်းပြည်နယ် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တပ်ဖွဲ့များ သည် အစိုးရတပ်များနှင့်အတူ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း ဒေသခံများ ဆိုသည်။

January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...
January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...