KIO မှ ဆရာဂျာဂွန်း ၏ အသုဘ အခမ်းအနား ပြုလုပ်

KIO မှ ဆရာဂျာဂွန်း ၏ အသုဘ အခမ်းအနား ပြုလုပ်
by -
ကေအဲန်ဂျီ
ကချင် အမျိုးသားခေါင်းဆောင် ဆရာကြီး Rev. Dr. Maran Ja Gun ၏ ရုပ်ကလပ်ကို မြစ်ကြီးနားမြို့သို့ မသယ်လာခင် ယနေ့ နံနက်ပိုင်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟို ဌာနချုပ် လိုင်ဇာတွင် အသုဘ ဆုတောင်းပွဲကို ပြုလုပ်ခဲ့သည်။

ဤအစီစဉ်ကို KIO မှ ဦးဆောင်ခဲ့ပြီး လိုင်ဇာ Padang Gawknu ခန်းမ တွင် ပြုလုပ်ခဲ့သည်။

၂၀၁၁ အစိုးရနှင့် KIA တစ်ကျော့ပြန် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာပြီးနောက် ဆရာကြီးသည် နောင်းနန် ကချင်ဓမ္မတက္ကသိုလ် (KTC&S) မှ ထွက်ပြီး အမျိုးသားရေး လွတ်မြောက်ရေး အမှုမှာ အသက်ဆုံးသည်အထိ လုပ်ဆောင်ခဲ့ပြီဖြစ်သည်။

ကချင် အမျိုးသားများ နိုင်ငံရေး ဖိနှိပ်ခံနေရမှုမှ လွတ်မြောက်ရေးအတွက် ဆရာကြီးက KIO အဖွဲ့ကိုလည်း အမြဲလိုလို ကူညီ အကြံပေး ခဲ့ကြောင်း သိရသည်။

ဆီးချို ရောဂါဝေဒနာကို ကာလရှည်ခံစားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၉ တနင်္လာနေ့ နံနက် ၁း၃၀ ခန့်အချိန် ဆရာကြီး မရန်ဂျာဂွန်းသည် သူ့ အသက် ရ၀ မှာ သူနေထိုင်လျက်ရှိသော လိုင်ဇာ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။

ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ၏ သမိုင်းတွင် ဆရာကြီး ဂျာဂွန်းသည် ဘုရားအမှုတော်ကို အချိန်ပြည့် ထမ်းဆောင်နေရာမှ နှုတ်ထွက်ကာ အမျိုးသား လွတ်မြောက်ရေး အမှုကို ပြောင်းလဲ ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ နံနက် အခမ်းအနားအပြီး ဆရာကြီး၏ရုပ်အလောင်းကို မြစ်ကြီးနားသို့ သယ်လာမည်ဖြစ်သည်။ မနက်ဖြန် မြှုပ်နှံခြင်း အစီစဉ်ကို နောင်းနန်း ကချင်ဓမ္မတက္ကသိုလ် (KTC&S) AD 2000 ခန်းမ တွင်ပြုလုပ်ပြီး Jaw Bum ကချင် ခရစ်ယာန်င်္သချိုင်း တွင် မြုပ်နှံသွားမည်ဖြစ်သည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...