မန်ရှီ ကချင် မနောပွဲတော်ကြီး ကမ္ဘာ့ဂင်းနစ်စံချိန် (၃)ခု မှတ်တမ်း တင် ခံရ

မန်ရှီ ကချင် မနောပွဲတော်ကြီး ကမ္ဘာ့ဂင်းနစ်စံချိန် (၃)ခု မှတ်တမ်း တင် ခံရ
by -
ကေအဲန်ဂျီ
ယခုချိန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် မန်ရှီ မြို့တွင်ကျင်းပသော ‘Jingpo’ ခေါ် ကချင် လူမျိုးများ၏ ယဉ်ကျေးမှု မနောပွဲတော်ကြီးကို ကမ္ဘာ့ဂင်းနစ်စံချိန် (Guinness World Record) မှ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ က ဂုဏ်ပြု မှတ်တမ်းတင် လက်မှတ် (၃)ခု ပေးအပ်ခဲ့သည်။

ဂင်းနစ်စံချိန် တင်ခဲ့သော အရာ (၃)ခုမှာ ကမ္ဘာ့အကြီးဆုံး ရိုးရာစည် (Bau)၊ လူအများနှင့် စုဝေး စားသောက်နိုင်သော ကချင်ရိုးရာ ထမင်းထုပ် (Shat Kada) နှင့် ကမ္ဘာ့အရှည်ဆုံး ခေါင်လိန် စပါးလိန် (Hkauling Mam) တို့ ဖြစ်သည်။

ကမ္ဘာ့ဂင်းနစ်စံချိန်သည် နိုင်ငံကြီးအချို့တွင် ရုံးရှိပြီး ကမ္ဘာတွင် အရှည်ဆုံး၊ အမြန်ဆုံး၊ အကြီးဆုံးနှင့် အထူးဆန်းစသည့် ခေါင်းစဉ်များဖြင့် မှတ်တမ်းတင် ဂုဏ်ပြုပေးနေသော အဖွဲ့ဖြစ်သည်။

ယခုနှစ် မန်ရှီ မနောပွဲကြီးတွင် တစ်ကမ္ဘာလုံးမှ ကချင်လူမျိုးများ လာရောက်ပါ၀င်ခဲ့ကြောင်း သိရသည်။

ယခင်နှစ်များက မနောတိုင် (၄)ခု ပါသော ကွင်းတွင် ကျင်းပလျက်ရှိသော်လည်း ယခုနှစ်တွင် အသစ်ပြီးစီးသော မနောတိုင် (၆)ခုဖြင့် ကွင်းအသစ်တွင် သုံးရက်ကြာ၊ ဖေဖေါ်ဝါရီ ၂၁မှ ၂၃ ထိ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

‘Jingpo (ဂျိန်းဖော)’ ခေါ် ကချင်လူမျိုးများသည် တရုတ်နိုင်ငံရှိ တိုင်းရင်းသား လူမျိုး တစ်ခုလည်း ဖြစ်သည်။

နို်င်ငံရေးအရ အခွင့်အရေးအပြည့်အဝ မရရှိသော်လည်း ရိုးရာ ယဉ်ကျေးမှုထိန်းသိမ်းမှုနှင့် မြှင့်တင်မှုတွင် တရုတ်အစိုးရ ကိုယ်တိုင် ပံ့ပိုးအားပေးနေခြင်း ဖြစ်သည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...