သဘာဝသံယံဇာတမှ ပြည်ပပို့ကုန်အားလုံး၏ ၆၀ ရာခိုင်းနှုန်းတင်ပို့နေသည့်အတွက် သံယံဇာတ ကျိန်စာသင့်နေသည်ဟု လွွှတ်တော်တွင် ဝေဖန်

သဘာဝသံယံဇာတမှ ပြည်ပပို့ကုန်အားလုံး၏ ၆၀ ရာခိုင်းနှုန်းတင်ပို့နေသည့်အတွက် သံယံဇာတ ကျိန်စာသင့်နေသည်ဟု လွွှတ်တော်တွင် ဝေဖန်
by -
မဇ္ဈိမ
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပ ပို့ကုန်ပို့ကုန်အုပ်စု အခြေအနေသည် ရေနံ၊ သစ်တော၊ သဘာဝဓာတ်ငွေ့၊ သတ္တုနှင့်ရေထွက်ပစ္စည်းများကို ပို့ကုန် အားလုံး၏  ၆၂ ရာခိုင်းနှုန်း တင်ပို့ခဲ့သည့်အတွက် သယံဇာတကျိန်စာ မသင့်လျှင် အခြားမည်သည့် ကျိန်စာသင့် မဟုတ်ကြောင်းသာ ပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်းက ပြည်ထောင်စုလွှတ်တော်တွင် ဝေဖန်ခဲ့ သည်။

“ခြောက်ဆယ့်ရာခိုင်နှုန်းအထိ အားကိုးနေရတဲ့ နိုင်ငံမှ သယံဇာတကျိန်စာမသင့်ရင် ဘယ်နိုင်ငံမှ မသင့်နိုင်ပါဘူး”ဟု ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ဝေဖန်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ဘဏ္ဍာနှစ် ခြောက်လပတ်အတွင်း တင်းသွင်းသည့် ကုန်ပစ္စည်များတွင် ရင်းနှီးကုန်ပစ္စည်းများ နှင့် လုပ်ငန်းသုံးကုန်ကြမ်း၊ လူသုံးကုန်ပစ္စည်း များတင်သွင်းခဲ့သော်လည်း စက်မှုကုန်ချောအဖြစ် ပို့ကုန်အဖြစ် ရာခိုင်နှုန်းအနည်းငယ်သာ ပြန်လည်တင်ပို့တင်နိုင် ခဲ့ကြောင်း ဝေဖန်ဆွေးနွေးခဲ့သည်။

“စုစုပေါင်းသွင်းလာသည့်ပစ္စည်းမှာ ရင်းနှီးကုန်ပစ္စည်းရယ်၊ လုပ်ငန်းသုံးကုန်ကြမ်းရယ်၊ လူသုံးကုန်ရယ်၊ သုံးခုခွဲထားပါတယ်။ အမှတ်တမဲ့ ကြည့်ရင်တော့ လူသုံးကုန်ကို နည်းနည်းပဲ သွင်းတယ်။ ရင်းနှီးမြှုပ်နှံဖို့ ကုန်ကြမ်းတွေနဲ့ လုပ်ငန်းသုံးပစ္စည်းတွေသွင်း တယ်လို့ ဖော်ပြနေသလိုဖြစ်နေပါတယ်။ စက်မူကုန်ကြမ်း ပို့ကုန်ပစ္စည်းနဲ့ ပြန်ချိတ်ဆက်ရင် စုစုပေါင်းသွင်းလာတဲ့ ရင်းနှီးလုပ်ငန်း ကုန်ကြမ်းတွေအားလုံးရဲ့ ရ.၃ ရာခိုင်နှုန်းသာ ပို့ကုန်ပြန်ထုတ်နိုင်တယ် တွေ့ရမှာပါ”ဟု ဝေဖန်ခဲ့သည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...