RCSS က တရားဝင်အကြောင်းကြားလာပါက တိုက်ပွဲများ ရပ်တန့်ရေး လက်ခံဆွေးနွေးမည်ဟု TNLA ဆို

RCSS က တရားဝင်အကြောင်းကြားလာပါက တိုက်ပွဲများ ရပ်တန့်ရေး လက်ခံဆွေးနွေးမည်ဟု TNLA ဆို
by -
မဇ္ဈိမ
ဓာတ်ပုံ- PNS
ဓာတ်ပုံ- PNS
တိုက်ပွဲများရပ်တန့်ရေး တရားဝင် အကြောင်းကြားလာပါက ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် (RCSS/SSA) အား လက်ခံတွေ့ဆုံ သွားမည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒီဇင်ဘာ ၁၅ ရက်နေ့က ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)နှင့် (RCSS/SSA) ခေါင်းဆောင်များနှင့် တွေ့ဆုံညှိနှိုင်းမှုအပြီး ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က တွေ့ဆုံဆွေးနွေးလိုကြောင်း ပြောကြားခဲ့မှုအပေါ် ယခုကဲ့သို့ ပြန်လည်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"သူတို့ဘက်က ကမ်းလှမ်းတာက ဘယ်လိုဟာမျိုးလည်း မသိသေးဘူး။ မီဒီယာပေါ်မှာ ပြောတာ လောက်နဲ့တော့ ဘယ်လိုလုပ်မ လည်း မပြောနိုင်သေးဘူး။ သူတို့ဘက်က တရားဝင်ကမ်းလှမ်း လာရင်တော့ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ဗဟိုကော်မတီအစည်းဝေး ထိုင်ပြီးတော့ လက်ခံတွေ့ဆုံဖို့ စဉ်းစားသွားမယ်"ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့သည် နယ်မြေအငြင်းပွားမှု ဖြစ်ပွားရာမှ ရှမ်းပြည်နယ်မြောက်ပိုင်း နန့်ခမ်းမြို့နယ်အတွင်း၌ အောက်တိုဘာလ အတွင်းက စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းပြီး ယင်းပဋိပက္ခများ ပြေလည်မှုရရှိစေရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က  ကြားဝင်ညှိနှိုင်းပေးသည့်အနေဖြင့်  RCSS ထပ်ပိုင်းခေါင်းဆောင်များနှင့် ဒီဇင်ဘာလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ ဆုံညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

“အမြန်ဆုံး ဆွေးနွေးနိုင်ကြရင်တော့ အကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဆွေးနွေးပွဲ တွေ မြန်မြန်စပြီးတော့ မဆွေးနွေးနိုင်ဘူး။ မဖြေရှင်းနိုင်ဘူးဆိုရင် စစ်ပြေပြင်မှာ ကျနော်တို့၊ သူတို့ မျက်နှာချင်းဆိုင် နေတဲ့သူတွေအတွက် အခက်အခဲဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ရော ထိတ်လန့်နေ ရတာပေါ့”ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများမှာ လက်နှစ်ကိုင်အဖွဲ့ နှစ်ခုကြား ဖြစ်ပွားသော ပဋိပက္ခသာဖြစ်ပြီး လူမျိုးရေး ပဋိပက္ခမဟုတ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

နန့်ခမ်းမြို့နယ်အတွင်းရှိ မိုင်းဝီးနှင့် ဟိုပန်ကျေးရွာ အနီးဖြစ်ပွားခဲ့သော တအာင်းလွတ်မြောက်ရေး တပ်ဖွဲ့ (TNLA) နှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)တို့၏ တိုက်ပွဲအတွင်း TNLA က ပြည်သူ ၂၀ ကျော်ကို ဖမ်းစီး ထားကြောင်း ဒေသခံများ က ပြောဆိုနေကြပြီး TNLA တပ်ဖွဲ့ဖက်ကမူ  ဖမ်းဆီးထား ခြင်းမရှိကြောင်း ပြန်လည်ပြောကြားထားသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...