ထားဝယ်စီမံကိန်း၌ ဂျပန်ပါလာသဖြင့် ရင်းနှီးမြှုပ်နှံလိုသူများကို ပိုဆွဲဆောင်နိုင်လိမ့်မည်

ထားဝယ်စီမံကိန်း၌ ဂျပန်ပါလာသဖြင့် ရင်းနှီးမြှုပ်နှံလိုသူများကို ပိုဆွဲဆောင်နိုင်လိမ့်မည်
by -
မဇ္ဈိမ
ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ထိုင်း ဒုတိယဝန်ကြီးချုပ် ဒေါက်တာဆွန်ကစ်ဂျာတုဆရီပီတက်တို့ တွေ့ဆုံစဉ်။ ဓာတ်ပုံ - Myawady
ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ထိုင်း ဒုတိယဝန်ကြီးချုပ် ဒေါက်တာဆွန်ကစ်ဂျာတုဆရီပီတက်တို့ တွေ့ဆုံစဉ်။ ဓာတ်ပုံ - Myawady
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ဂျပန်ပါဝင်လာသဖြင့် မြန်မာနှင့် ထိုင်းတို့အတွက် ယုံကြည်မှု ရှိလာစေပြီး ရင်းနှီး မြှုပ်နှံလိုသူများကိုလည်း ဆွဲဆောင်နိုင်လိမ့်မည်ဟု ဒီဇင်ဘာ ၁၄ ရက်နေ့၊ ဘန်ကောက်အစည်းအဝေး၌ ထိုင်းကိုယ်စားလှယ် ဝန်ကြီးက ပြောလိုက်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေး ပဥ္စမအကြိမ် မြန်မာ-ထိုင်း ပူးတွဲအဆင့်မြင့်ကော် မတီအစည်းအဝေးအပြီး သတင်းစာရှင်းပွဲတွင် ထိုင်းပို့ဆောင်ရေးဝန်ကြီး Arkom Termpittayapaisith က ပြောသည်ဟု Japan Times သတင်းစာက ဖော်ပြသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းကလည်း ထားဝယ်အထူးစီးပွားရေးဇုန်သည် အရွယ်အစား ကြီးမားပြီး  ရေနက်ဆိပ်ကမ်း၊ အဝေးပြေးလမ်း၊ အကြီးစားစက်မှုလုပ်ငန်းတို့ ပါဝင်သဖြင့် ဂျပန်နိုင်ငံပါဝင် လာခြင်းဖြင့် စီမံကိန်းအကောင်အထည်ဖော်မှုကို ပိုမိုထိရောက်မြန်ဆန်လာမည်ဟု အစည်းအဝေးအမှာစကား ပြောဆိုသည်။

မြန်မာ-ထိုင်း ပူးတွဲအဆင့်မြင့်ကော်မတီ၏ လမ်းညွှန်မှုအတိုင်း ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦး စီမံကိန်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သည်ဟုလည်း ၎င်းက ပြောသည်။

ကနဦးအဆင့်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ရန် မျှော်မှန်းထားပြီး ၂၇ စတုရန်း ကီလိုမီတာ အထိ အကျယ်အဝန်း ရှိမည့် စက်မှုကုန်ထုတ်လုပ်မှု ရပ်ကွက်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံအကြား နှစ်လမ်းသွားကားလမ်း၊ အလုပ် သမားများနေထိုင်ရေး၊ LNG ဓာတ်ငွေ့ တင်ပို့ရေး ဆိပ်ကမ်း၊ မြေပြင်တယ်လီဖုန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ ဆိပ်ကမ်းငယ်နှင့် ရေလှောင်ဆည်တို့ ပါဝင်သည်ဟု ယခုနှစ်ဆန်းပိုင်း တတိယအကြိမ် အစည်းအဝေး ပူးတွဲ ထုတ်ပြန်ချက်၌ ပါရှိသည်။

အမေရိကန်ဒေါ်လာဘီလီယံ ၅၀ ခန့်မှန်းကုန်ကျမယ့် ထားဝယ်အထူးစီးပွားရေးဇုန် ပြန်စနိုင်ရန် မြန်မာ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့ အကြား ကုန်သွယ်ရေးသဘောတူစာချုပ် MOI အား ကျင်းပသည့် ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးကာလ တိုကျို တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့ ဘန်ကောက်အစည်းအဝေးတွင်လည်း မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံ အစုရှယ်ယာရှင်များ သဘော တူညီချက်နှင့် မူဘောင်သဘောတူညီချက် (Shareholder Agreement and Framework Agreement) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းနေ့ မွန်းလွဲပိုင်းတွင် ပဥ္စမအကြိမ် မြန်မာ - ထိုင်း ပူးတွဲအဆင့်မြင့် ကော်မတီအစည်းအဝေး၏ အစိတ်အပိုင်းတစ်ရပ် အဖြစ် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက် သွားမည့် မြန်မာ-ထိုင်း-ဂျပန် (၃) နိုင်ငံ အစည်းအဝေးကိုလည်း ကျင်းပခဲ့ကြသည်။

မြန်မာ-ထိုင်း ပူးတွဲကော်မတီအစည်းအဝေးမကျင်းပမီ မနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ထိုင်း ဒုတိယ ဝန်ကြီးချုပ် ဒေါက်တာ ဆွန်ကစ်ဂျာတုဆရီပီတက်နှင့် အဖွဲ့ဝင်အား တွေ့ဆုံခဲ့သေး ကြောင်း မြန်မာအစိုးရသတင်းစာက ထုတ်ပြန်သည်။

တွေ့ဆုံစဉ် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) အား သတ်မှတ်ကာလအတွင်း အပြီး တည်ဆောက်ရေး၊ ကုန်သွယ်ရင်းနှီးမြုပ်နှံမှု၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ၊ အစုရှယ်ယာ ဈေးကွက် ကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးတို့ တက်ရောက်ကြသည်။

ထိုင်းဒုတိယဝန်ကြီးချုပ်နှင့်အတူ ထိုင်းနိုင်ငံ ပို့ဆောင်ရေး၊ ဘဏ္ဍာရေးနှင့် စွမ်းအင်ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ထိုင်းဝန်ကြီးချုပ်ရုံး အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...