တပ်မတော်မှ ထိုးစစ်ဆင်နေမှုများချက်ချင်းရပ်ရန် ရ.လ.လ.ဖ နှင့် နိုင်ငံရေးအဖွဲ့ ၄၀ ကျော်တောင်းဆို

တပ်မတော်မှ ထိုးစစ်ဆင်နေမှုများချက်ချင်းရပ်ရန် ရ.လ.လ.ဖ နှင့် နိုင်ငံရေးအဖွဲ့ ၄၀ ကျော်တောင်းဆို
by -
မဇ္ဈိမ
တိုင်းရင်းသားဒေသများတွင် တပ်မတော်မှ ထိုးစစ်ဆင်နေမှုများ ချက်ချင်းရပ်ဆိုင်းပေးရန်နှင့် မတရား ဖမ်းဆီးခံထားရသည့် သံဃာတော်များ နိုင်ငံရေးသမားများ အလုပ်သမားလယ်သမားများ အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရန် ၆၆နှစ်မြောက် ရှမ်းပြည် ပဒေသရာဇ်စနစ် ဆန့်ကျင်ရေးနေ့သို့ တက်ရောက်လာသည့် အဖွဲ့များက တောင်းဆိုလိုက်သည်။

ဒီဇင်ဘာ ၁၁ရက်နေ့တွင် ကျရောက်သော ၆၆နှစ်မြောက် ရှမ်းပြည်ပဒေသရာဇ်စနစ် ဆန့်ကျင်ရေးနေ့ကို ရှမ်းပြည်တောင်းပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ဝ်မြို့ရှိ ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေး အဖွဲ့ဗဟိုဌာနချုပ်တွင် နှစ်ရက်တာ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်သည်။

"အာမခံချက်ရှိတဲ့ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရသော ဖက်ရယ်ပြည်ထောင် စုနိုင်ငံသစ် တည်ဆောက်ရေး လွတ်တော်တွင်း လွတ်တော်ပြင်ပ အင်အားစုတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။အထူးသဖြင့်တော့ ထိုးစစ်တွေ ရပ်တန့်ဖို့ ပြောချင်ပါတယ်"ဟု ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွှတ်မြောက်ရေးအဖွဲ့(ရလလဖ) ဗဟိုကော်မတီဝင် ဗိုလ်မှူးကျော်သူက ပြောသည်။

ယင်းအခမ်းအနားမှ တိုင်းရင်းသားဒေသများတွင် ပြုလုပ်နေသော တပ်မတော်မှထိုးစစ်ဆင်နေခြင်းကို ချက်ခြင်း ရပ်ဆိုင်းပေးရန်၊ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒအရ အနိုင်ရ ပါတီအား ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးရန်၊ မတရားဖမ်းဆီးခံထားရသည့် သံဃာတော်များ လယ်သမားများ အလုပ်သမားများ ကျောင်းသားများ သတင်းမီဒီယာများအပါ အဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ နောင်တက်လာမည့် အစိုးရသစ်အဖွဲ့တွင် တိုင်းရင်းသားများ ထည့်သွင်းဖွဲ့စည်းသွားရန် စသည့် တောင်းဆိုချက် ၄ချက်ပါ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

"တပ်မတော်ကတိုင်းရင်းသား ထိုးစစ်ဆင်နေတာတွေ ရပ်တန့်ဖို့ ဒီကနေတောင်းဆိုပါတယ်။ အပစ်အခတ်တွေ ရပ်စဲဖို့ကတော့ လုပ်စရာတစ်ခုပဲ ရှိတယ် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ပါပဲ"ဟု တိုင်းရင်းသားလူငယ်များကွန်ရက် ဥက္ကဌ မင်းနှောင်းထောက ပြော သည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...