မဟာသန္တိသုခကျောင်းမှ ဆရာတော်များကို တရားရှင်လွှတ်ပေးလိုက်ပြီ

မဟာသန္တိသုခကျောင်းမှ ဆရာတော်များကို တရားရှင်လွှတ်ပေးလိုက်ပြီ
by -
မဇ္ဈိမ
တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်မှ ဆရာတော် ငါးပါးသည် သာသနာညှိုးနွမ်းစေမှုပုဒ်မ၊ သံဃာတော် အဆင့်ဆင့် စကားမနာခံမှုပုဒ်မများဖြင့် အရှေ့ပိုင်း ခရိုင် တရားရုံးတွင် တရားရင်ဆိုင်နေခဲ့ရာမှ ဒီဇင်ဘာ ၁၀ရက်နေ့တွင် တရားရှင်လွှတ်ပေးလိုက်ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မဇ္ဈိမသို့ မိန့်သည်။

တရားလိုအဖြစ်တိုင်ကြားခဲ့သော တိုင်းသာသနာရေးဦးစီးမှူး ဦးစိန်မော်က တရားရုံးသို့ လာရောက်ရန် နှစ်ကြိမ်ပျက်ကွက်ခဲ့ပြီး ဆရာတော်များကလည်း လွှတ်ပေးရန် တောင်းဆိုခဲ့သောကြောင့် အရှေ့ပိုင်း ခရိုင်တရားရုံးက တရားရှင်လွှတ်ရန် အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

လန်ဒန်ဆရာတော် အပါအဝင် တာမွေမြို့နယ် မဟာသန္တိသုခ ကျောင်းတိုက်မှ ဆရာတော်ငါးပါးကို သာသနာတော် ညှိုးနွမ်းစေသည့် ပုဒ်မများဖြစ်သည့် ၂၉၅(က)၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ဥပဒေ (သို့မဟုတ်) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆုံးမမှုကို နားမထောင်ဟုဆိုကာ ၂၀/၉၀ တို့ဖြင့် ၂၀၁၄ခုနှစ် ဇွန်လမှ စတင်၍ တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

တရားဆွဲဆိုခံရသော ဆရာတော် ငါးပါးလုံးအား ၂၀/၉၀ဖြင့် စွဲဆိုခြင်းနှင့် ပတ်သက်၍ ယင်းဆရာတော်များကို မည်သည့်သံဃနာယက အဖွဲ့စည်းကမှ သြဝါဒပေးထားခြင်းမရှိကြောင်း နှင့် ပုဒ်မ ၂၉၅(က)ဖြင့် စွဲဆိုခံရသည့် အပေါ်ကိုလည်း သာသနာညှိုးနွမ်းစေရန် မည်သည့်ပြုလုပ်မှုမျိုးမျှ မရှိခဲ့ဘဲ မိမိ၏ ကျောင်းတွင်သာ သီတင်းသုံးနေခြင်းဖြစ်၍ ယင်းပုဒ်မ နှစ်ခုဖြင့် စွဲဆိုမှုသည် မတရား   ပြစ်ဒဏ်ပေးသည့် ပုံစံဖြစ်နေသည်ဟု လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်သည်။

ယင်းအပြင် တရားစွဲခံခဲ့ရသည့် ဆရာတော်် ဦးပညာစာရ(ထားဝယ်)ကလည်း တရားစွဲဆိုခံရသည့် ပုဒ်မများ နှင့် ပတ်သက်၍ မိမိအနေဖြင့် နားမလည်သော်လည်း မိမိကိုယ်မိမိ အပြစ်ရှိသည်ဟု ယူဆခဲ့ခြင်း မရှိဟု မဇ္ဈိမသို့ မိန့်သည်။

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို ဇွန်လ ၁၁ ရက်နေ့၊ ညသန်းကောင်အချိန်က အာဏာပိုင်များ နှင့် သံဃာ့မဟာနာယက ဆရာတော်အချို့ ဝင်ရောက် စီးနင်းကာ ချိတ်ပိတ်ခဲ့ပြီး ဇွန်လ ၁၃ ရက်တွင် အင်္ဂလန် ဆရာတော် ဦးဥတ္တရ၊ ဦးပညာစာရ (ထားဝယ်)၊ ဦးတေဇိန္န၊ ဦးသုန္နာသီရိနှင့် ဦးနန္ဒိရတို့ကို လူဝတ်လဲကာ ဖမ်းဆီးခဲ့သည်။

ဇွန်လ ၂၀ရက်တွင်မူ ဆရာတော်များကို တစ်ပါးလျှင် ကျပ်သိန်းတစ်ထောင်ဖြင့် အာမခံကာ ပြန်လွှတ်ပေးခဲ့ပြီး သင်္ကန်းပြန်စည်းခဲ့သည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...