အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ကုလ၊ ဖင်လန်နှင့် ဆွီဒင်တို့ ကူညီမည်

အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ကုလ၊ ဖင်လန်နှင့် ဆွီဒင်တို့ ကူညီမည်
by -
မဇ္ဈိမ
မြန်မာနိုင်ငံမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးများ ကာကွယ်ရေးဆိုင်ရာ သုံးနှစ်ကြာ အစီအစဉ်တစ်ရပ်ကို ကုလလူဦးရေရန်ပုံငွေအဖွဲ့ UNFPA နှင့်အတူ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့ ပူးတွဲလုပ်ဆောင်တော့မည်ဖြစ်သည်။

ကန်ဒေါ်လာ ၁၁.၈ သန်း သုံးစွဲသွားမည့် ယင်းကနဦးအစီအစဉ်အတွက် ပြည်တွင်း/ ပြည်ပမှ အဖွဲ့အစည်းများနှင့်အတူ ဆောင်ရွက်ကြမည်ဖြစ်သည်။ အစီအစဉ် သဘောတူညီမှု ကို နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက်တွင် လက်မှတ်ရေးထိုးကြသည်။

အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်အနိုင်ကျင့်ခြင်းမှ ကာကွယ်ပေးမည်ဖြစ်ပြီး၊ ကျားမ တန်းတူရေး အတွက်လည်း ဆောင်ရွက်မည်ဟု ဆိုသည်။

"အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ လက်နက်ကိုင်ပဋိပက္ခတွေ၊ ပြည်တွင်းအကြမ်းဖက်မှုတွေ၊ ဆင်းရဲမှုနဲ့ ကျားမခွဲခြားမှု တွေကနေ ပုံမှန်ထက်ကျော်လွန်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။" ဟု UNFPA မြန်မာနိုင်ငံ ဌာနေတာဝန်ခံ Janet E. Jackson က ပြောသည်။

ပြည်တွင်းအိုးအိမ်စွန့်ရွေ့ပြောင်းနထိုင်ရသူ ၆ သိန်း ၄ သောင်းကျော်ရှိပြီး အမျိုးသမီးနှင့် မိန်းကလေးငယ်များအနေဖြင့် လက်နက်ကိုင်ပဋိပက္ခနှင့် အဓမ္မရွေ့ပြောင်း နေရာချထားမှုဖြစ်စဉ်များ၌ လိင်အကြမ်းဖက်မှုများနှင့် အိမ်တွင်းအကြမ်းဖက်မှု များ ကြံုတွေ့ကြရသည်ဟုလည်း ဒီဇင်ဘာ ၁၀ ရက်စွဲပါ ပူးတွဲထုတ်ပြန်ချက်က ဖော်ပြသည်။

"အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ဦးစားပေးပါ" ပူးတွဲအစီအစဉ်တွင် အရေးပေါ် အကူအညီ များလည်း ပေးအပ်သွား မှာဖြစ်ပြီး အဓမ္မကျင့်ခံရပြီးနောက်ပိုင်း စိတ်ဒဏ်ရာကုသခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာများကို ထောက်ကူသွားမည်ဟု သိရသည်။

"အကြမ်းဖက်မှုတွေဖြစ်ပြီဆိုရင် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ အကာကွယ်ပေးခံရတာ အင်မတန် နည်းပါတယ်။ လုံခြံုရေးအရရော၊ မျှတတဲ့ တရားစီရင်ရေးအရရောပေါ့။ လိင်အကြမ်းဖက်မှု ကျူးလွန်သူတွေဟာ မိသားစုထဲကဘဲဖြစ်ဖြစ်၊ အရပ်ကဘဲဖြစ်ဖြစ်၊ လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ် အပြစ်ပေးအရေးယူရမှာ ဖြစ်ပါတယ်။"ဟု မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံတမန်တစ်ဦးဖြစ်သူ Silja Rajander က ပြောသည်။

ပြေးလွှားနေစဉ် သို့မဟုတ် နေရာတစ်နေရာ၌ ခေတ္တခိုလုံနေရစဉ်ကာလများတွင် ကျန်းမာရေး သိကျွမ်းသူများ၏ အကူအညီဖြင့် စစ်ဆေးကုသမှုမရရှိပါကလည်း အမျိုးသမီးများနှင့် မိန်းကလေးငယ် များအတွက် စိုးရိမ်ရသည့် အန္တရာယ်များ ပိုလာနိုင်မည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...