တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီအကြား နှစ်ဖက်တပ်များ ဆုတ်ခွာရန် ထပ်မံသဘောတူ

တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီအကြား နှစ်ဖက်တပ်များ ဆုတ်ခွာရန် ထပ်မံသဘောတူ
by -
မဇ္ဈိမ
ပြည်ထောင်စုု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုုပ်ငန်းကော်မတီ (UPWC) နှင့် ရှမ်းပြည်တုုိးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA)တို့ နေပြည်တော်၌ တွေ့ဆုံုဆွေးနွေးမှု ဒုုတိယနေ့တွင် နှစ်ဖက် တပ်များဆုုတ်ခွာရန် ထပ်မံ သဘောတူညီကြသည်ဟုု သိရသည်။

ရှမ်းပြည်နယ်တောင်ပုုိင်း မုုိင်းရှူးနှင့် မုုိင်းနောင်ဒေသများတွင် ဖြစ်ပွားနေသော တုုိက်ပွဲများ ရပ်ဆုုိင်းရေး အတွက် ဒီဇင်ဘာလ ရ ရက်နှင့် ၈ ရက် နှစ်ရက်သာ ဆွေးနွေးခဲ့ပြီး ထပ်မံ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

“ကျနော်တိုု့ နုုိဝင်ဘာ ၂၃၊ ၂၄ ရက် သဘောတူညီမှုအတုုိင်းပါဘဲ။ ဆက်လက် အကောင်အထည်ဖော် သွားမယ်ဆုုိတဲ့ အဲဒီ ၆ ချက်အတုုိင်းပါဘဲ။ တပ်တွေနေရာချဖုုိ့၊ စစ်ရှိန်လျော့ပေးဖုုိ့ ဆုုိတာတွေ ပါပဲ။ နောက် ၂၀၁၂ ခုုနှစ်က ကျနော်တိုု့ သဘောတူညီချက်ကုုိလည်း အကောင်အထည်ဖော်သွားတာဆုုိတဲ့ တစ်ချက်ပါတယ်”ဟုု SSPP/SSA ပြန်ကြားရေးဌာန တာဝန်ခံ ဗုုိလ်မှူးကြီး စုုိင်းဖုုန်းဟန်က မဇ္စျိမသို့ ပြောသည်။

ပြီးခဲ့သည့် နုုိဝင်ဘာလ ၂၃ နှင့် ၂၄ ရက်က ပထမအကြိမ် တွေ့ဆုံုဆွေးနွေးမှု၌ SSPP/SSA အနေဖြင့် မုုိင်းရှူးနှင့် မုုိင်းနောင် ကားလမ်း မြောက်ဘက်ခြမ်းသုုိ့ ရွှေ့ပြောင်းနေထုုိင်ရန်၊ တောင်ဘက်ရှိ တပ်မတော်စစ်ကြောင်းများကုုိ လည်း ရွှေ့ပြောင်း နေရာချ ထားရန်၊ ၂၀၁၂ ခုုနှစ် တောင်ကြီးမြို့တွင် လက်မှတ်ရေးထုုိးခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူစာချုပ်ပါ ဆက်လက်ကိစ္စများ ဆက်လက် အကောင်အထည်ဖာ်ရန်၊ လက်ရှိ ပဋိပက္ခကြောင့် ယာယီပိတ်ထားရသော စာသင်ကျောင်း ၁၇ ကျောင်းကုုိ အမြန်ဆုံုး ဖွင့်လှစ်ရန်၊ စစ်ပြေးဒုုက္ခသည်များ နေရပ်ပြန်နုုိင်ရေးတုုိ့ကုုိ ၅ ရက်အတွင်း အကောင်အထည်ဖော်ရန် သဘောတူညီခဲ့သည်ဟု ဆိုသည်။

ယခု ဒီဇင်ဘာလ ရ ရက်၊ ပထမနေ့ ဆွေးနွေးကြရာတွင် SSPP/SSA အား မုုိင်းရှူးနှင့် မုုိင်းနောင် ကားလမ်းမ၏ တောင်ဘက်ရှိ တပ်ရွှေ့ပေးရန်သာ တဖက်သတ် ပြောဆုုိဆွေးနွေးခဲ့သော်လည်း ဒုုတိယနေ့ ဆွေးနွေးမှုတွင် အစုုိးရ တပ်ဘက်မှလည်း ရွှေ့ပြောင်း ရန် သဘောတူညီမှု ရရှိခဲ့သည်ဟုု ဗိုုလ်မှူးကြီး စုုိင်းဖုုန််းဟန်က ပြောသည်။

“သဘောတူတယ်ဆုုိပေမဲ့ တပ်တွေရွှေ့ပေးဖုုိ့က ပြန်ညှိရမှာပေါ့။ အောက်ခြေတပ်တွေ အချင်းချင်း ညှိရအုုန်းမယ်။ အစုုိးရ တပ်ကလည်း သူတုုိ့သဘောအရ တပ်ဆုုတ်မှာပေါ့နော်”ဟုု ဗုုိလ်မှူးကြီး စုုိင်းဖုုန်းဟန်က ပြောသည်။

UPWC မှ ဒုုဥက္ကဌ ဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဗုုိလ်ချုပ် ရာပြည့်၊ ဦးခင်မောင်စုုိးတုုိ့ ပါဝင်ပြီး SSPP/SSA ဘက်မှ ဒုုဗုုိလ်မှူးကြီး စုုိင်းခမ်းသီ ဦးဆောင်သော ကုုိယ်စားလှယ် ၆ ဦးတိုု့ တက်ရောက် ဆွေးနွေးခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တုုိဘာလ ၆ ရက်မှစတင်၍ အစုုိးရ စစ်တပ်နှင့် SSPP/SSA တပ်တုုိ့အကြား ဖြစ်ပွား ခဲ့သော တုုိက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သော စစ်ပြေးဒုုက္ခသည် ၁၀,၀၀၀ ကျော် ရှိနေပြီဟု သိရသည်။

လက်ရှိ SSPP/SSA နှင့် အစုုိးရတုုိ့အကြား တုုိက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ တည်ငြိမ်နေသော်လည်း ရှမ်းပြည်နယ်တောင်ပုုိင်း နမ့်ခမ်းမြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ (RCSS) နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တုုိ့အကြား ဒီဇင်ဘာလ ၈ ရက်နေ့က တုုိက်ပွဲဖြစ်ပွားလျက်ရှိသည်။

ရှမ်းပြည်နယ်အတွင်း အစုုိးရစစ်တပ်နှင့် SSPP/SSA တုုိ့ တုုိက်ပွဲ ဖြစ်ပွားမှုတွင် အစုုိးရ စစ်တပ်က လေကြောင်းဖြင့် ဗုံုးကြဲတုုိက်ခုုိက်သည်ဟု စွပ်စွဲမှုများနှင့်ပတ်သက်၍ မြန်မာအစုုိးရအနေဖြင့် စုံုစမ်း စစ်ဆေးရန် အမေရိကန်ပြည်ထောင်စုု နုုိင်ငံခြားရေးဌာနက ဒီဇင်ဘာလ ၃ ရက်နေ့က ထုုတ်ပြန်ထားသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...