ကျောင်းသားများတောင်းဆိုထားသည့် ပညာရေးမူကြမ်းကို အစိုးရသစ်လက်ထက်တွင်လည်း ဆက်လက်တောင်းဆိုသွားမည်

ကျောင်းသားများတောင်းဆိုထားသည့် ပညာရေးမူကြမ်းကို အစိုးရသစ်လက်ထက်တွင်လည်း ဆက်လက်တောင်းဆိုသွားမည်
by -
မဇ္ဈိမ
လက်ပံတန်းမြို့နယ်တွင် ပညာရေးဥပဒေအတွက် တိုက်ပွဲဝင် ဆန္ဒထုတ်ဖော်မှုကြောင့် အကြမ်းဖက် ဖြိုခွဲခံခဲ့ရကာ ဖမ်းဆီးခံရသည့် ကျာင်းသားများသည် အစိုးရသစ်လက်ထက်တွင်လည်း ပညာရေး မူကြမ်းကို တောင်းဆိုထားသည့် ပုံစံအတိုင်း မရရှိပါက ဆက်လက် တောင်းဆိုသွားမည်ဟု သပိတ် မှောက်ကျောင်းသားတစ်ဦးဖြစ်သည့် ဗကသ အတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောသည်။

"အခုအနိုင်ရရှိတဲ့ NLD အဖွဲ့ချုပ်ရဲ့ကြေညာစာတမ်းမှာပါတဲ့ အကောင်အထည်ဖော်မယ်ဆိုတဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ ဆောင်ရွက် မယ်ဆိုတဲ့ ပေါ်လစီကို ကျွန်တော်တို့ သဘောကျပါတယ်။ ဒီပုံစံအတိုင်း ဆက်ပြီး အကောင်အထည်ဖော်သွားမယ်ဆိုရင် ကျွန်တော်တို့က ပိုပြီးတော့ မြန်မြန် ဆောင်ရွက်နိုင်အောင် နောင်လာမည့် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။"ဟု ကိုမင်းသွေးသစ်က ပြောသည်။

ထို့အပြင် အစိုးရအား ကန့်လန့်တိုက်ကာ အမြဲတစေ ဆန္ဒပြတောင်းဆိုနေခြင်းမဟုတ်ဘဲ နိုင်ငံကို ပညာတက်ဖြစ်စေချင် သည့်အတွက် တောင်းဆိုနေရခြင်း ဖြစ်ကြောင်း ထို့အတွက် စေတနာအရင်းခံ တူပါကလည်း ပဋိပက္ခများ ဖြစ်လာစရာမရှိကြောင်း ကိုမင်းသွေးသစ်က ပြောကြားခဲ့သည်။

"ကျွန်တော်တို့ကတော့ ပညာရေးမူကြမ်းကို မရမချင်း ဆက်လက် တောင်းဆိုသွားမှာပါ။ အရင် အစိုးရလင်ထက်မှာလည်း ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးရေးကို တောင်းခဲ့တယ်။ တွေ့ဆုံ ဆွေးနွေးရေးမရခဲ့လို့သာ ကျွန်တော်တို့က သပိတ်မှောက်ခဲ့တာပါ။ ဒီအစိုးရမှာလည်း တွေ့ဆုံ ဆွေးနွေးရေးကို အရင်တောင်းမှာပါ" ဟု ကိုမင်းသွေးသစ်က ပြောသည်။

ပညာရေးဥပဒေကို လွှတ်တော်မှာ ပြဌာန်းနိုင်ဖို့ တစ်နိုင်ငံလုံးက ကျောင်းသားတွေစုပြီး နိုင်ငံအနှံ့ ဆန္ဒ ထုတ်ဖော်ခဲ့ရာမှ မတ်လ ၁၀ ရက်တွင် သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် အကြမ်းဖက်ဖြိုးခွဲခံ ခဲ့ရပြီး ကျောင်းသားတွေကို သာယာဝတီအကျဉ်းထောင်၌ ဖမ်းဆီးအကျဉ်းချခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံ ကျောင်းသားများကို ဒီဇင်ဘာ ၈ ရက်တွင် ၂၉ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်လည်း ပြန်လည်စစ်ဆေးမည် ဖြစ်သည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...