ကျောက်ဖြူအထူးစီးပွားရေး ဇုန်တည်ထောင်ရန်မြေဧက လေးထောင်ကျော် သတ်မှတ်ကြေညာမည်

ကျောက်ဖြူအထူးစီးပွားရေး ဇုန်တည်ထောင်ရန်မြေဧက လေးထောင်ကျော် သတ်မှတ်ကြေညာမည်
by -
မဇ္ဈိမ
ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ထောင်နိုင်ရေးအတွက် လိုအပ်သည့် မြေ ၄၂၈၉.၃၂ ဧကကို နယ်နမိတ်ဧရိယာ အဖြစ်သတ်မှတ်ပြီး အမိန့်ကြေညာစာထုတ်ပြန်သွားမည်ဟု ယင်းစီမံကိန်း၏ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဖြစ်သူ ဦးမြင့်သိန်းက ပြောသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ခဲ့သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ကြေညာသည့် အမိန့် ကြော်ညာစာ ထုတ်ပြန်နိုင်ရေး နှင့်ပက်သက်၍ စီမံခန် ့ခွဲမှုကော်မတီဥက္ကဌ ဦးမြင့်သိန်းက ဒီဇင်ဘာလ ၃ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

စီမံကိန်းမြေအဖြစ်သတ်မှတ်မည့် နေရာတွင် ရေနက်ဆိပ်ကမ်းစီမံကိန်း၊ စက်မှုဇုံစီမံကိန်း နှင့် အဆင့်မြင့်အိမ်ရာစီမံကိန်းများ ထည့်သွင်းတည်ထောင်မည်ဟု ဒုဝန်ကြီးက ပြောသည်။

စီမံကိန်းဧရိယာအဖြစ် ရေနက်ဆိပ်ကမ်းစီမံကိန်း  အမှတ် (၁) နယ်နမိတ် ၃၇၀.၆၆ ဧက၊ ရေနက်ဆိပ်ကမ်း အမှတ်(၂) နယ်နမိတ် ၂၃၇.၂၂ ဧက ၊ စက်မှုဇုံစီမံကိန်းနယ်နမိတ် ၂၄၄၆.၀၇ ဧက၊ အဆင့်မြင့် အိမ်ရာစီမံကိန်း နယ်နမိတ် ၁၂၃၅.၃၇ ဧက ပါဝင်သည်။

ကျောက်ဖြူမြို့နယ်အတွင်းရှိ ဒေသများအပါအဝင် ရမ်းဗြဲမြို့နယ် နှင့် မာန်အောင်မြို့နယ်အတွင်းရှိ ဧရိယာများပါဒေသတွင်းလွှမ်းခြံု ဧရိယာအနေဖြင့် ပါဝင်မည်ဖြစ်ကြောင်း ဒုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

ကျောက်ဖြူမြို  ့နယ်ကို စက်မှုလုပ်ငန်းများအဓိကဆောင်ရွက်မည့် အထူးစီးပွားရေးဇုန်၊ ရမ်းဗြဲမြို့နယ်ကို စိုက်ပျိုးရေးလုပ်ငန်းများဖော်ဆောင်သွားမည့် ဇုန် နှင့် မာန်အောင်မြို့နယ်ကို သဘာဝအခြေခံခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် ဇုန်များအဖြစ် အကောင်အထည်ဖော်မည်ဟု ဒုဝန်ကြီးက ဆိုသည်။

လာမည့် ၂၀၁၆ ဖေဖော်ဝါရီလမှစတင်ကာ စက်မှုဇုန်စီမံကိန်းအတွက် ဧက ၂၅၀ (ဟက်တာ ၁၀၀) ကို စတင်အကောင်အထည်ဖော် သွားမည်ဖြစ်ကာ ကျန်ဧရိယာများကို နှစ် (၂၀-၃၀) စီမံကိန်းများအဖြစ် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန် ့ခွဲမှုကော်မတီ၏ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြချက်နှင့် ပက်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဒီဇင်ဘာလ ၄ ရက်နေ့၊ ညနေ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်ဟု ပြည်ထောင်စု လွှတ်တော်နာယကက ကြေညာခဲ့သည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...