တိုင်ရီစက်ရုံ အလုပ်သမားအခွင့်အရေး သုံးပွင့်ဆိုင် ထပ်မံဆွေးနွေးမည်

တိုင်ရီစက်ရုံ အလုပ်သမားအခွင့်အရေး သုံးပွင့်ဆိုင် ထပ်မံဆွေးနွေးမည်
by -
မဇ္ဈိမ
လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုများအတွက် တိုင်ရီစက်ရုံ အလုပ်သမားသမဂ္ဂ၊ ပိုင်ရှင်နှင့် ဝန်ကြီးဌာနတို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့၍ ဒီဇင်ဘာ ၄ ရက်နေ့တွင် ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း တိုင်ရီစက်ရုံ အလုပ်သမားသမဂ္ဂဥက္ကဌ ဒေါ်မိုးဝေက ပြောသည်။

တိုင်ရီစက်ရုံအလုပ်သမားသမဂ္ဂအဖွဲ့တွင် အလုပ်ထုတ်ခံထားရသည့် ဒေါ်မိုးဝေနှင့် ဒေါ်နွဲ့ရည်ဝင်းတို့ ပါဝင်နေသည့်ဟုဆိုကာ အလုပ်ရှင်ဘက်က စက်ရုံထဲသို့ ပေးဝင်ခဲ့ခြင်းမရှိကြောင်း တိုင်ရီစက်ရုံ အလုပ်သမားများက ဆိုသည်။

အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေ ပုဒ်မ ၅အရ သမဂ္ဂသက်တမ်းအတွေ့ကြံု ၂နှစ် သို့မဟုတ် လုပ်ငန်းခွင်အတွေ့အကြံု ၂နှစ်ရှိသူသည် အလုပ်သမားကိုယ်စားလှယ် အဖြစ်ပါ၀င် ဆွေးနွေးခွင့် ရှိကြောင်း  တိုင်ရီစက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဌဒေါ်မိုးဝေ ကပြောသည်။

လက်ရှိတွင် စက််ရုံဘက်မှ အလုပ်သမားသမဂ္ဂဥက္ကဌဖြစ်သည့် ဒေါ်မိုးဝေ နှင့် ဘဏ္ဍာရေးမှူး ဒေါ်နွဲ့ရည်ဝင်းတို့ကို အလုပ်ထုတ်ပယ်ထားသည့် ပြင်ပပုဂ္ဂိုလ် ဖြစ်သည့်အတွက် အလုပ်ရှင်ဘက်မှ ပေးမဝင်ခြင်းဖြစ်ပြီး အလုပ်သမားအဖွဲ့အစည်းကို အသိမှတ်ပြုသည့်အနေဖြင့် ပြေလည်မှု့ရရှိအောင် ဆွေးနွေးနေခြင်းဖြစ်ကြောင်း တိုင်ရီ ဖိနပ်စက်ရုံမှ မန်နေဂျာဖြစ်သူ ဒေါ်အေးမိလှိုင် က ပြောသည်။

အလုပ်ထုတ်ပယ်ခြင်းခံထားရသည့် နှစ်ဦးပါ၀င်လာခြင်းကြောင့် အခက်အခဲဖြစ်နေကြောင်း ခုံသမာဓိမှ အလုပ်ဖြုတ်ခံထားရ သည့် နှစ်ဦးကို တိုင်ရီစက်ရုံ အလုပ်သမား သမဂ္ဂအဝင်မခံခြင်းဖြစ်ပြီး မည်သည့် အခွင့်ရေးမှချိုး ဖောက်ထားခြင်းမရှိဘဲ ဥပဒေအရ အခွင့်အရေးအပြည့်အဝပေးထားကြောင်း အလုပ်သမား အလုပ်အကိုင်လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောသည်။

လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုများကို သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် လုပ်ငန်းရှင် ဘက်ကို တင်ပြထားပြီး ပြေလည်မှု့ မရခင်အချိန်ထိ လုပ်ငန်းခွင်မဝင်သေးဘဲ ဆက်လက်ဆန္ဒ ထုတ်ဖော်သွားမည်ဖြစ်ကြောင်း တိုင်ရီစက်ရုံအလုပ်သမား သမဂ္ဂဥက္ကဌ ဒေါ်မိုးဝေက ပြောသည်။

တိုင်ရီဖိနပ်စက်ရုံတွင် အလုပ်သမားပေါင်း ၁၆၀၀ ခန့်ရှိကြောင်း အလုပ်သမား၉၀၀ကျော်မှာ နိုဝင်ဘာ ၂၀ ရက်နေ့ကတည်းက ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်ပြီး အလုပ်သမား ၆၀၀ ခန့်မှာ လုပ်ငန်းခွင်တွင် ဆက်လက်လုပ်ကိုင်နေကြောင်း စုံစမ်းသိရှိရသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...