ရှမ်းအဖွဲ့များအကြား စစ်ရေးတင်းမာနေသဖြင့် ရွာသားများ ထွက်ပြေးနေကြရ

ရှမ်းအဖွဲ့များအကြား စစ်ရေးတင်းမာနေသဖြင့် ရွာသားများ ထွက်ပြေးနေကြရ
by -
မဇ္ဈိမ
ရှမ်းပြည်မြောက်ပုုိင်း နမ့်ခမ်းမြို့နယ်အတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS/SSA)တုုိ့ တုုိက်ပွဲ ဖြစ်ပွားခဲ့ပြီး နောက် စစ်ရေးတင်းမာနေဆဲဖြစ်၍ ဒေသခံ ရွာသား ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် နုုိဝင်ဘာ ၂၇ ရက်နေ့မှစတင်ပြီး နမ့်ခမ်းမြို့နယ် ဟုုိပန်ကျေးရွာအနီး တုုိက်ပွဲဖြစ်ပွားခဲ့သဖြင့် နုုိဝင်ဘာ ၂၈ ရက်မှ ယနေ့ထိ ဟိုပန်ကျေးရွာသား ၂၆၀ ခန့်က မုုိင်းဝီကျေးရွာသုုိ့ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်း ဖြစ်သည်။

"စာရင်းရထားတာက ၂၆၀။ သူတုုိ့က ဟုုိပန်ဘက်ကနေ ထွက်ပြေးလာတာ။ ဒီမှာသူတုုိ့ အသိ မိတ်ဆွေအိမ်မှာပဲ ခုုိနားထားတယ်။ အခုုလောလောဆယ် ရွာထဲက လူငယ်အဖွဲ့ရဲ့ ရံပုံုငွေတွေနဲ့ဘဲ သူတိုု့ကုုိ ကူညီထားတယ်။ အစားအသောက် ခက်ခဲတယ်။ တချို့ဆုုိ ဆန်တွေ၊ ဘာတွေတောင် မပါခဲ့ဘူး။"ဟုု မုုိင်းဝီး ဒေသခံ စုုိင်းခမ်းလှိုင်က မဇ္စျိမသို့ ပြောသည်။

အဆုုိပါ စစ်ပြေးဒုုက္ခသည်များက မုုိင်းဝီးကျေးရွာရှိ ၎င်းတုုိ့၏ မိတ်ဆွေများနေအိမ်များတွင် ခုုိလှုံနေပြီး အစားအသောက်များ လုုိအပ်နေသည်ဟုု သိရသည်။

ဟုုိပန်ကျေးရွာသည် မုုိင်းဝီးကျေးရွာမှ ၃ မုုိင်ခန့် ကွာဝေးပြီး လက်ရှိ တုုိက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း နှစ်ဖက် စစ်ရေးတင်းမာနေ ဆဲ ဖြစ်၍ မိမိနေ အိမ်သိုု့ မပြန်ရဲသေးကြောင်း သူက ပြောသည်။

နုုိဝင်ဘာ ၂၇ ရက်နေ့မှစတင်၍ နမ့်ခမ်းမြို့နယ် RCSS/SSA က TNLA ၏ နယ်မြေ ကျူးကျော် ဝင်ရောက်လာသဖြင့် နုုိဝင်ဘာ ၃၀ ရက်နေ့အထိ တုုိက်ပွဲဖြစ်ပွားခဲ့သည်ဟုု TNLA ဘက်မှ ဒီဇင်ဘာ ၁ ရက်နေ့က သတင်းထုုတ်ပြန်ထားသည်။

တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးဆွေးနွေးရန်အတွက် ထုုိင်းမြန်မာနယ်စပ် လွိုယ်တုုိင်းလျန်သိုု့ လာရောက်သည့် အမှတ် ရ၀၁ (ရွှေလီမြစ်ဝမ်းဒေသ) စစ်ကြောင်းကုုိ TNLA က ခြံုခုုိတုုိက်ခိုုက်ခဲ့သဖြင့် ၃ ဦး ကျဆုံုးပြီး ၂ ဦး ဒဏ်ရှိခဲ့သည်ဟုု RCSS/SSA က ထုုတ်ဖော်ပြောဆုုိမှုများ ရှိသည်။

အလားတူ ရှမ်းပြည်နယ် မိုုင်းရှူး၊ မုုိင်းနောင်မြို့နယ်တွင်လည်း ရှမ်းပြည်တုုိးတက်ရေးပါတီ (SSPP/SSA) နှင့် အစုုိးရစစ်တပ်တိုု့ ဖြစ်ပွားနေသော တုုိက်ပွဲကြောင်း စစ်ပြေးဒုုက္ခသည် ၁,၀၀,၀၀ ခန့်ထွက်ပြေး တိမ်းရှောင်နေရဆဲ ပင်ဖြစ်သည်။

RCSS/SSA သည် အစုုိးရနှင့် တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) ကုုိ လက်မှတ် ရေးထုုိးထားသော အဖွဲ့ ဖြစ်ပြီး TNLA သည် တုုိင်းရင်းသားလက်နက်ကုုိင်အဖွဲ့အစည်းများ အားလုံုး ပါဝင်ခြင်းမရှိသဖြင့် NCA ကုုိ လက်မှတ် မရေးထုုိးသေးသော အဖွဲ့ဖြစ်သည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...