ဖားကန့်ရှိ မြဥယျာဉ် ကျောက်မျက် တူးဖော်ရေးကုမ္ပဏီအား ကျင်းသားများမီးရှို့ထွက်ပြေး

ဖားကန့်ရှိ မြဥယျာဉ် ကျောက်မျက် တူးဖော်ရေးကုမ္ပဏီအား ကျင်းသားများမီးရှို့ထွက်ပြေး
by -
မဇ္ဈိမ
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေမှော်ရွာရှိ မြဥယျာဉ် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီအား ကျင်းသားများက ဒီဇင်ဘာ ၁ ရက် ည ၁၀ နာရီအချိန်တွင် မီးရှို့ ထွက်ပြေးသွားသည်ဟု ဖားကန့် ဒေသခံများက ပြောကြားသည်။

ကုမ္ပဏီယာဉ်မောင်းအဖွဲ့နှင့် ကျင်းသားများ စကားများရန်ဖြစ်ရာတွင် ကုမ္ပဏီတာဝန်ရှိသူများမှ ဖြေရှင်းပေးသည်ကို မကျေနပ်၍ ကျင်းသားများက မီးရှို့ထွက်ပြေးသွားပြီး နယ်ထိန်းအဖွဲ့နှင့် ရဲကင်း အဖွဲ့ပူးပေါင်းရှာဖွေလျှက်ရှိသည်ဟု မီးလောင်သည့်နေရာ သို့သွားကြည့်ခဲ့သည့် ကိုအောင်ပိုင်က မဇ္ဈိမသို့ ပြောကြားသည်။

ည ၁၀ နာရီတွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ် သုံးစီးဖြင့် ဖားကန့် မီးသတ်က သွားရောက်ငြိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၃၅ မိနစ်တွင် မီးညွန့်ကျိုးသွားသည်ဟု ဖားကန့်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုကြောင့် လူနေဆောင် လေးဆောင်၊ ကားဝပ်ရှော့ တစ်ဆောင်၊ ဆယ်ဘီးကား တစ်စီး၊ မြေတူးယာဉ်(ဘက်ဟိုး) တစ်စီး ဆုံးရှုံးသွားသည်ဟု ဖားကန့်မြို့နယ် အရံမီးသတ်တပ်ဖွဲ့ ဒုတိယ တပ်ရင်းမှူး ဦးကျော်ဝင်းဆွေက မဇ္ဈိမသို့ ပြောသည်။

''သေဆုံး၊ ဒါဏ်ရာရသူမရှိပါဘူး။ ကုမ္ပဏီက ယာဉ်မောင်းတွေနဲ့ ကျောက်ရှာတဲ့ကျင်းသားတွေ ရန်ဖြစ်ကြတာကို ကုမ္ပဏီဘက်က ရှင်းပေးတာကို မကျေနပ်လို့ဆိုပြီး မီးရှို့ထွက်ပြေးသွားတာ။ အဆောင် ငါးဆောင်မီးလောင်သွားတယ်။ ညတွင်းချင်းသူတို့ကို လိုက်ရှာတာ ခုထိတော့မတွေ့သေးဘူး။''ဟု ဦးကျော်ဝင်းဆွေက ဆိုသည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...