မန္တလေးမြို့က ထောက်ခံချက်မရှိသည့် ရေသန့် ၉ မျိုးအား လုပ်ငန်းပိတ်သိမ်း

မန္တလေးမြို့က ထောက်ခံချက်မရှိသည့် ရေသန့် ၉ မျိုးအား လုပ်ငန်းပိတ်သိမ်း
by -
မဇ္ဈိမ
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ရေသန့်ထုတ်လုပ်နေသည့် လုပ်ငန်းများမှ ထုတ်လုပ်လျှက်ရှိသည့် သောက်ရေသန့် နမူနာများကို ရယူ စစ်ဆေး ခဲ့ရာ ထောက်ခံချက်မရရှိဘဲ ထုတ်လုပ်နေသည့် အမှတ်တံဆိပ်များကို ဒီဇင်ဘာလ ၁ ရက်နေ့ကစ၍ လုပ်ငန်းပိတ်သိမ်းလိုက်ပြီ ဖြစ်ကြာင်း မြို့တော်စည်ပင်သာယာရေးကော်မတီဝင် (၉) ဒေါက်တာ သွင်ကျော်ကျော်မှ မဇ္ဈိမသို့ ပြောသည်။

စစ်ဆေးမှုများကို ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကုန်သွယ်မှုမြင့်တင်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ် အစားအသောက် နှင့် ဆေးဝါး ကြီးကြပ် ကွပ်ကဲရေးကော်မတီတို့ ပူးပေါင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

“မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ အောင်မြေသာစံမြို့နယ်တွေမှာ သောက်ရေသန့်နမူနာယူပြီး စစ်ဆေးခဲ့တယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌနက ထောက်ခံချက်ရမထားဘူး။ အဲဒီလုပ်ငန်း လုပ်တာကို ပိတ်သိမ်းလိုက်တယ်။”ဟု ၎င်းက ပြောသည်။

လုပ်ငန်းပိတ်သိမ်းလိုက်သည့် သောက်ရေသန့်လုပ်ငန်းများ နှင့် အမှတ်တံဆိပ်များမှာ Dragon၊ Shawe Myanmar၊ Skyline၊ Clean၊ Good Luck၊ ဧရာဦး၊ နဒီရေသန့်၊ ဆန္ဒပြည့်၊ လမင်းသာ၊ တို့ဖြစ်ကြောင်း သိရသည်။

“ကျန်းမာရေးအတွက် သောက်ရေသန့်က အရေးကြီးတယ်လေ။ တချို့ရေသန့်ဆိုပြီး ရောင်းနေကြ တာကို သောက်တဲ့သူတွေကတော့ ယုံယုံကြည်ပါ။ ထုတ်လုပ်တဲ့သူတွေဘက်က မလိမ်ညာဘဲ တကယ့်အစစ်အမှန်ကို ရောင်းသင့်တယ်။”ဟု မြို့ခံတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာက စစ်ဆေးထောက်ခံချက်မရှိဘဲ ကောင်းမွန်သည့် ထုတ်လုပ်မှု နှင့်အညီ ဆောင်ရွက်ခြင်းမရှိသောကြောင့် မြို့တော်စည်ပင်မှ ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၁ရက်မှ စတင်ကာ လုပ်ငန်းပိတ်သိမ်းခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့် အညီအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...