“နောင်အစိုးရတက်လာတဲ့အခါမှာလည်း NCA ထဲမှာ ချမှတ်ထားတဲ့ အပစ်အခတ်ရပ်စဲရေး ခိုင်မာ စေရေးနဲ့ နိုင်ငံရေးဆွေးနွေး ပွဲများ ကျင်းပနိုင်ရေးတို့ဆိုတာကို အကောင်အထည်ဖော်ရမှာပဲ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးခိုင်မာစေရေး အတွက် စောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်များကို ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ် ဘက်မှာတော့ အပြောင်းအလဲများများစားစားရှိမှာ မဟုတ်ပေမယ့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာ NCA ပါ အချက် တွေကတော့ အခြေခံကျောရိုးကို ပဲဖော်ပြထားတာဖြစ်တဲ့ အတွက် နောင်တက်လာမယ့် အစိုးရအနေနဲ့ အသေးစိတ်မူဝါဒများကို လိုအပ်သလိုချမှတ်ဖြည့်စွက်သွားနိုင်မှာ ဖြစ်ပါတယ်။”ဟု ဦးအောင်မင်းက ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းပြောကြားသည််။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်ဆိုင်းရေးသဘောတူညီချက် NCA ခိုင်မာအောင် နှစ်ဘက်လိုက်နာ ရမည့် အချက်များ၊ ပြည်သူလူထုကိုအကာအကွယ်ရေးဆွဲထာသောအချက်များကို ထည့်သွင်းရေး ဆွဲထားသည်။
ထည့်သွင်းရေးဆွဲထားသည့် အချက်များ အကောင်အထည်ဖော်ရန်အတွက် ပစ်ခတ်တိုက်ခိုက်ရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) နှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ရက်ပေါင်း ၆၀ အတွင်း ရေးဆွဲရန်လည်း NCA ရေးထိုးရာတွင် သဘောတူညီခဲ့ကြသည်။
NCA လက်မှတ်ရေးထိုးရာတွင် နှစ်ဘက်လုံးမှ စာချုပ်လက်မှတ်ရေးထိုးပြီးချိန်တွင် လွှတ်တော်တွင် အတည်ပြုချက်ရယူရန် သဘောတူညီခဲ့ကြသည့် အတွက် ယနေ့ကျင်းပသည့် လွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်သမ္မတက ပေးပို့ခဲ့ခြင်းဖြစ်သည်။
လွှတ်တော်၏အတည်ပြုချက် ရယူပြီးပါက စာချုပ်ပါအချက်အလက်များကို အကောင်အထည် ဖော်နိုင်ခြင်း နှင့် ဆက်စပ်နေသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် အတည်ပြုပေးရန် ဦးအောင်မင်းက လွှတ်တော်သို့ တောင်းဆိုခဲ့သည်။
အတည်ပြုရန် ကိစ္စနှင့်ပက်သက်၍ လွှတ်တော််ကိုယ်စားလှယ်များ ဆွေးနွေးလိုပါက ဒီဇင်ဘာ ၂ ရက်နေ့၊ ညနေ လေးနာရီတွင် လွှတ်တော်ရုံးသို ့စာရင်းပေးသွင်းရမည်ဖြစ်ကာ လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးပြီးနောက် အတည်ပြု ၊ မပြုကို လွှတ်တော်တွင် ဆုံးဖြတ်သွားမည် ဖြစ်သည်။







