အချောသတ်နိုင်ငံရေးမူဘောင် ဒီဇင်ဘာ ဒုတိယအပတ်တွင် သမ္မတထံသို့ပို့မည်

အချောသတ်နိုင်ငံရေးမူဘောင် ဒီဇင်ဘာ ဒုတိယအပတ်တွင် သမ္မတထံသို့ပို့မည်
by -
မဇ္ဈိမ
နိုင်ငံရေးဆွေးနွေးပွဲများ စတင်ဆွေးနွေးနိုင်ရေး UPDJC ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီက ရေးဆွဲပြီးသည့် အချောသတ်နိုင်ငံရေးမူဘောင်ကို ဒီဇင်ဘာ ဒုတိယအပတ်တွင် သမ္မတ ဦးသိန်းစိန်ထံပေးပို့မည် ဟု UPDJC ဒု-ဥက္ကဌ ဦးသုဝေက ဒီဇင်ဘာ ၁ရက်တွင် မဇ္စျိမသို့ ပြောသည်။

"နက်ဖြန်ဆိုရင် မူကြမ်းကို အချောသတ်ပြီ။ ဒီဇင်ဘာ ၁၃ရက်နဲ့ ၁၄ရက်မှာ သမ္မတကို တွေ့ပြီးပေးမယ်။ သမ္မတက ဘယ်နေ့ စမယ်ဆိုတဲ့အကြောင်းပြန်တာနဲ့ နိုင်ငံရေးဆွေးနွေးပွဲစနိုင်ပြီ၊ ပျမ်းမျှတော့ နိုင်ငံရေး ဆွေးနွေးပွဲကို အင်အား ၅၀၀နဲ့စမယ်။ အခုမူဘောင်က နိုင်ငံရေးဆွေးနွေးနိုင်ဖို့အစပြုပေးထားတာ၊ ဘာကိုမှ အတင်း လုပ်မထားဘူး"ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးမူဘောင်မူကြမ်းကို နိုဝင်ဘာ ၃၀ရက်နေ့တွင် မြန်မာ့ငြိမ်းချမ်းရေး၊ ပြည်လည်ထူထောင်ရေး ဗဟိုဌာန၌ အပြီးသတ်ရေးစွဲခဲ့ပြီး ယနေ့ဒီဇင်ဘာ ၁ရက်နေ့တွင် အချောသတ် ပြန်လည်စိစစ်ကာ၊ ဒီဇင်ဘာ ၂ရက်နေ့တွင် လုံးဝအချောသတ်ပြီးစီမည်ဟုလည်း ဆိုသည်။

နိုင်ငံရေးဆွေးနွေးပွဲကို အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေးပါတီတို့အပြင် အပစ်ရပ် လက်မှတ် မရေးထိုးနိုင်သေးသည့် လက်နက်ကိုင်အဖွဲ့များ၊ ပညာရှင်များစုစုပေါင်း ပျမ်းမျှအင်အား ၅၀၀ ဖြင့် စတင်ပြုလုပ်ရန် မူဘောင်အတွင်း ရေးသားထားသည်။

နိုင်ငံရေးမူဘောင်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊လုံခြံုရေး နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဟူ၍ အဓိကခေါင်းစဉ်များ ထည့်သွင်းထားပြီး ယင်းအောက်တွင် ခေါင်းစဉ်ခွဲများ ထည့်သွင်းရေးသားထားသည်ဟုလည်း ဦးသုဝေက ပြောသည်။

"အခုမူဘောင်က အရမ်းအသေးစိတ်မဟုတ်ဘူး။ အစိုးရကလည်း အပြောင်းအလဲဖြစ်တော့မှာဆိုတော့ နောက်အစိုးရတက် လာရင်လည်း ပြုပြင်ကောင်းပြုပြင်နိုင်မယ် အဲဒီအတွက် သူတို့ ဆက်လက် လုပ်နိုင်အောင် လို့အားလုံးအဆင်ပြေ မယ့်အရာတွေကို ရေးထည့်ထားတယ်။"ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးမူဘောင်ကို UPDJC အဖွဲ့ဝင်များမှ ၂၄ဦးတို့က နိုဝင်ဘာ ၂၇ရက်နေ့တွင် စတင်ရေးစွဲခဲ့ခြင်း ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီးသည်နှင့် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးမူဘောင်တစ်ခု ကို ရေးစွဲပြီးစီး ရန်လိုအပ်ပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲများကို စတင်ရမည်ဟု အာမခံချက် အပစ်ရပ် စာချုပ်တွင်ထည့်သွင်းထား သည်။

ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ RCSS/SSA၊ ကရင်အမျိုးအသားအစးည်းအရုံး KNU၊ ရခိုင် လွတ်မြောက်ရေးပါတီ ALP တို့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့က အောက်တိုဘာ ၁၅ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ကို နေပြည်တော်တွင်ရေးထိုးထားကြသည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...