မိုးညှင်းမြို့တွင် တိုက်ပွဲသံများကြောင့် စာသင်ကျောင်းမှ ကလေးများကို မိဘများပြန်ခေါ်

မိုးညှင်းမြို့တွင် တိုက်ပွဲသံများကြောင့် စာသင်ကျောင်းမှ ကလေးများကို မိဘများပြန်ခေါ်
by -
မဇ္ဈိမ
မိုးညှင်းမြို့တွင် နိုဝင်ဘာ ၁၉ရက်နေ့၊ နံနက် ၉နာရီ ချိန်ခန့်က တိုက်ပွဲသံများကြောင့် ကျောင်းသား မိဘများက စိတ်ပူကာ ကလေးများကို  ပြန်ခေါ်သွားကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

ယင်းသို့ မိဘများက လာရောက်ခေါ်ယူရာတွင် မိုးညှင်း အ.ထ.က(၁) ကျောင်းမှ တာဝန်ကျ ဆရာများက ကျောင်းကို စစ်ဆေးရေး လာလျှင် ကျောင်းသားမရှိမည်ကို စိုး၍ ခေါ်ယူခွင့် မပေးသည့် အတွက် ကျောင်းသားမိဘများက ကျောင်းအုတ်တံတိုင်းကို ကျော် ဝင်ခဲ့ကြောင်း ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။

ယင်းနောက် ကျောင်းတာဝန်ကျဆရာများက မိဘများကို တစ်ဦးချင်းစီ ဝင်ရောက်ခေါ်ယူခွင့် ပေးခဲ့ပြီးနောက် လာရောက်ခေါ်ယူ သူများပြားလာသည့်အတွက် ကျောင်းသားများ တစ်စုံတစ်ခုဖြစ်ပါကာ တာဝန်ယူရမည်ဟု ဆိုကာ ကျောင်းတံခါးဖွင့်ပေးခဲ့ကြောင်း မိုးညှင်းမြို့ခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

"မနက်ပိုင်းက တောင်ခြေမှာ လက်နက်ကြီးသံကြားလို့  မိဘတွေ နဲနဲစိတ်ပူသွားတာပါ ဒီနေ့ တစ်ရက်တည်းပဲ ပိတ်မှာပါ"ဟု အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်မှ မိုးညှင်း ပြည်သူ့လွှတ်တော်အမတ် အဖြစ်အနိုင် ရရှိထားသည့် ဒေါ်စန်းစန်းအိက ပြောကြားသည်။

လက်ရှိအခြေအနေတွင် လက်နက်သံများ ခပ်စိပ်စိပ်ကြားလာကြောင်း၊ မိုညှင်းမြို့မစျေးရှိ ဆိုင်အများစုမှာ ပိတ်ထားပြီး စျေးတံခါးပေါက် များကိုလည်း ပိတ်ထားကြောင်းကို မိုးညှင်းမြို့ခံ တစ်ဦးဖြစ်သည့် ကိုထွန်းထွန်းဦးက ၎င်း Facebook စာမျက်နှာနံနက် ၁၁နာရီခန့်တွင် ရေးသားထားသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...