သမ္မတဦးသိန်းစိန် အစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဖို့ အရေးကြီးဟု ကချင်ဒီမိုကရက်တစ်ပါတီပြော

သမ္မတဦးသိန်းစိန် အစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဖို့ အရေးကြီးဟု ကချင်ဒီမိုကရက်တစ်ပါတီပြော
by -
မဇ္ဈိမ
သမ္မတဦးသိန်းစိန် အစိုးရအနေဖြင့် သမ္မတဦးသိန်းစိန်အစိုးရ အနေဖြင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတည်ဆောက်ရန် အလွန်အရေးကြီးသည်ဟု ကချင်ဒီမိုကရေစီပါတီက သုံးသပ်ကြောင်း နိုဝင်ဘာ ၁၈ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ကချင်ဒီမိုကရေစီပါတီ၏ နိုဝင်ဘာ ၁၆ရက် နှင့် ၁၇ရက်နေ့၌ မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် ပါတီ၏ ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးအပြီး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အစည်းအဝေးတွင် မြန်မာ့နိုင်ငံရေး အခြေအနေကို သုံးသပ်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ရှေ့ပြေးအဖြစ် နိုင်ငံရေးယုံကြည် ချက်ကြောင့် အကျဉ်းကျခံနေရသူများကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် သမ္မတဦးသိန်းစိန် အစိုးရကို တောင်းဆိုထားသည်။

ယင်းအပြင် ရှမ်းပြည်နယ်နှင့် ကချင်ဒေသများတွင် တပ်မတော်မှထိုးစစ်ဆင်တိုက်ခိုက်မှုများကို ချက်ခြင်း ရပ်တန့်ပေးပြီး မူလအခြေစိုက် မိခင်တပ်ရင်း၊ တပ်မသို့ ပြန်လည်ဆုတ်ခွာပေးရန် နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလျင်အမြန် တည်ဆောက်ရမှသာလျင် ရေရှည်တည်တံ့ခိုင်မြဲပြီး စစ်မှန်သော ငြိမ်းချမ်းရေးဖြစ်ပေါ်လာမည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ယင်းအစည်းအဝေးတွင် မြို့နယ်အသီးသီးမှ ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲ တွင် ရင်ဆိုင်ကြံုတွေ့ရသည့် စိန်ခေါ်မှု နှင့် အခွင့်အလမ်းများ၊ အားနည်းချက် နှင့် အားသာချက်များကို အပြန်အလှန် ဖလှယ်ခဲ့ကြပြီး ရှေ့ဆက်မည့်ပါတီ၏ အနာဂတ်လုပ်ငန်းစဉ်များကို ရေးဆွဲချမှတ်ကာ လုပ်ငန်းကော်မတီများကို ဖွဲ့စည်းနိုင်ခဲ့သည်ဟု ဆိုသည်။

ကချင်ဒီမိုကရေစီပါတီအနေဖြင့် လက်ရှိအစိုးရနှင့်သာမက ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများစု၌ အနိုင်ရရှိခဲ့သော ''အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်"၊ တိုင်းရင်းသားမဲ ဆန္ဒနယ် အများစုတွင် အနိုင်ရရှိခဲ့သော "ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်"၊ "ရခိုင်အမျိုးသားပါတီ" တို့နှင့်လည်း တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဠာန်းခွင့် အပြည့်အဝရှိသော အမျိုးသား ပြည်နယ်များဖြင့် ဖွဲ့စည်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးတွင် လက်တွဲဆောင်ရွက်မည်ဟု ဆိုသည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...