ရန်ကုန်မြို့တော် စည်ပင်က ကွမ်းတံတွေး ထွေးသည့် အိတ်များ ရောင်းချ

ရန်ကုန်မြို့တော် စည်ပင်က ကွမ်းတံတွေး ထွေးသည့် အိတ်များ ရောင်းချ
by -
မဇ္ဈိမ
စည်းကမ်းမဲ့ ကွမ်းတံတွေးများ မထွေးရန် ပညာပေး အစဉ်တစ်ခုအနေဖြင့် ကွမ်းတံတွေး ထွေးသည့် အိတ်များကို ရောင်းချပေး လျှက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ပြောသည်။

လက်ရှိ ရန်ကုန်မြို့ အခြေနေမှာ တိုက်နံရံနှင့် လမ်းမများတွင် စည်းကမ်းမဲ့ ကွမ်းတံတွေးများ တွေ့မြင် နေသည့်အတွက် မြို့တော်သာယာသန့်ရှင်းစေရန် ရည်ရွယ်ပြီး ပညာပေး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ကွမ်းယာဆိုင်များကို တစ်အိပ်လျှင် ၁၂ ကျပ်နူန်းဖြင့် အိတ်ပေါင်း ကိုးသောင်းခွဲခန့်ကို ဖြန်ချိထားပြီး ကွမ်းတံထွေးအိပ်ပေါင်း တစ်သိန်းခွဲခန့် ထုတ်လုပ် ဖြန့်ဝေသွားရန် စီစဉ်ထားသည်ဟု သိရသည်။

"မြို့တော် စည်ပင်သာယာရေး ဥပဒေမှာ စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးတာကို အရေးယူလို့ရပေမယ့် လောလောဆယ်မှာတော့ အရေးယူဖို့ အစီစဉ် မရှိသေးပါဘူး။ ပညာပေးအနေနဲ့ပဲ လုပ်တာပါ" ဟု ဒေါက်တာ အောင်မြင့်မော်က ပြောသည်။

အသက် ၄၅ အရွယ် ပုဇွန်တောင်စျေးတွင် ကွမ်းရောင်းသူ တစ်ဦးဖြစ်သည့် ဦးမောင်ချိုက "ကွမ်း ရောင်းလာတာတော့ကြာပြီ။ ကွမ်းတံတွေးထွေးတဲ့ အိပ်ဆိုပြီး စည်ပင်က လာရောင်းပေးတာတော့ လောလောဆယ် မရှိသေးပါဘူး"ဟု ပြောသည်။

ကွမ်းတံတွေးအိတ်များကို ရန်ကုန်မြို့နယ်အနှံ့တွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေလျက်ရှိပြီး ဘတ်စ်ကားဂိတ်များတွင် ထားရှိသည့် ကွမ်းတံထွေးပုံးများသို့ စွန့်ပစ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရပါသည်။

ယင်းပညာပေး အစီစဉ်အား ယခုနှစ် ဇူလိုင် ၁၅ ရက်နေ့မှ စတင်လုပ်ဆောင်နေခြင်း ဖြစ်သော်လည်း ကွမ်းယာဆိုင် တော်တော်များ များနှင့် လူထုအကြား ပြန့်နှံခြင်း မရှိကြောင်း တွေ့ရသည်။
ယင်းအစီအစဉ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက် လုပ်ဆောင်သွားရန်ရှိကြောင်း ဒေါက်တာ အောင်မြင့်မော်က မဇ္စျိမသို့ ထပ်လောင်းပြောကြားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...