တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် အီးယူ၏ ရဲများ အကူအညီပေးရေး အဖွဲ့တွေ့ဆုံမှု လွှတ်တော်ကို အစီရင်ခံ

တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် အီးယူ၏ ရဲများ အကူအညီပေးရေး အဖွဲ့တွေ့ဆုံမှု လွှတ်တော်ကို အစီရင်ခံ
by -
မဇ္ဈိမ
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီနှင့် Support to Reform of The Myanmar Police Force  အဖွဲ့တို့ တွေ့ဆုံ၍ ရဲတပ်ဖွဲ့ တာဝန်ခံမှုဆိုင်ရာ ဥပဒေရေးဆွဲရေး အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း နိုဝင်ဘာ ၁၇ရက်နေ့က လွှတ်တော်သို့ အစီခံခဲ့သည်။

ဒေါ်အောင်ဆန်းဆုကြည်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီမှ ပထမအကြိမ်၊ပြည်သူ့လွှတ်တော် (၁၃) ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြည်သူ့လွှတ်တော်သို့ အစီရင်ခံခဲ့ခြင်းဖြစ်သည်။

ကော်မတီသည် Support to Reform of The Myanmar Police Force အဖွဲ့ တွေ့ဆုံ၍ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းစဉ်တွင် ရဲနှင့်စစ်တပ်၏ အခန်းကဏ္ဍပြောင်းလဲခြင်းနှင့် လွှတ်တော်ဆိုင်ရာ ကြီးကြပ်ခြင်း၊ ရဲတပ်ဖွဲ့ တာဝန်ခံမှုဆိုင်ရာ ဥပဒေရေဆွဲခြင်း၊လွှတ်တော်ဆိုင်ရာကြီးကြပ်ခြင်းအား ပိုမိုကောင်းမွန်စေရန် စီမံချက်များကို အကောင်းအထည်ဖော်ခြင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ပြည်သူ့လွှတ်တော်သို့ အစီရင်ခံခဲ့သည်။

Support to Reform of The Myanmar Police Force အဖွဲ့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ပြည်သူ့ ဗဟိုပြုရဲလုပ်ငန်းစဉ်အတွက် စွမ်းရည်မြှင့်တင်ပေးခြင်း၊ လူစု၊ လူဝေးအား စနစ်တကျ ထိန်းသိမ်းမှု ဆိုင်ရာ အကူအညီများကို ဥရောပသမဂ္ဂ၏ ပံ့ပိုးမှုဖြင့် အကူအညီများပေးနေသည့်အဖွဲ့ဖြစ်သည်။

ပြည်သူ့ရဲများ၏ လုပ်ငန်းပိုမိုထိရောက်စေရန်နှင့်ပြည်သူလူထုက ပိုမိုယုံကြည် နိုင်ရန်အတွက် မည်သို့ ပ့ံပိုးရမည်ကို သိလိုကြောင်းနှင့် ကောမတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းဆုကြည်က နေပြည်တော်၌ မြန်မာ နိုင်ငံတပ်ဖွဲ့ ဗဟိုဌာနမှ ရဲမှူးကြီး (၃)ဦးနှင့် ဇူလိုင်လက တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်းလည်း ပြည်သူ့ လွှတ်တော်သို့ အစီအရင်ခံခဲ့သည်။

ထို့အပြင် ရဲများ၏ တာဝန်ခံမှုနှင့်ဆိုင်သော ဥပဒေများကို ရဲများမပါဘဲ ရေးဆွဲခြင်းသည် တဖက်သတ် ဆန်လွန်းသည်ဟု ထင်မြင်ယူဆကြောင်းနှင့် ရဲနှင့်ပတ်သက်သည့် ဥပဒေများကို ကိုင်တွယ်သည့် နေရာ၌ လွှတ်တော်အတွင်း မရောက်မီ လွှတ်တော်အမြင်၊ အရပ်ဘက်အမြင်၊ ရဲအမြင်တို့ကို ညှိနှိုင်းပြီး ပြုလုပ်ခြင်းကြောင်းကို ဥက္ကဋ္ဌက ဆွေးနွေးခဲ့ကြောင်းလည်း တရားဥပဒေစိုမိုးရေးနှင့် တည်ငြိမ်းအေး ချမ်းကော်မတီ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်က ပြည်သူ့လွှတ်တော်သို့ အစီရင်ခံခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော်မတီကို ၂၀၁၂ခုနှစ်၊ သြဂုတ်လတွင် ဒေါ်အောင်ဆန်းဆုကြည်က ဥက္ကဋ္ဌတာဝန်ယူ၍ အဖွဲ့ဝင်(၁၅)ဦးဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါ ကော်မတီသို့ ၂၀၁၄ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၅ခုနှစ်၊ သြဂုတ်လအထိ တရားစီးရင်ရေးနှင့် စပ်လျဉ်းသည့် တိုင်ကြားစာ (၁၈၀၀)စောင်၊ လယ်ယာမြေနှင့်စပ်လျဉ်း၍ တိုင်ကြားစာ (၁၂၀၀)စောင်၊ အုပ်ချုပ်ရေးနှင့်စပ်လျဉ်း၍ (၆၀၀) စောင် ရောက်ရှိလာကြောင်းလည်း လွှတ်တော်သို့ အစီအရင်ခံခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...