ကလေးတွင် ရေဘေးအလွန် ပြန်လည်ထူထောင်ရေး ၅၀ရာခိုင်နှုန်းခန့် ပြီးစီးဟုဆို

ကလေးတွင် ရေဘေးအလွန် ပြန်လည်ထူထောင်ရေး ၅၀ရာခိုင်နှုန်းခန့် ပြီးစီးဟုဆို
by -
မဇ္ဈိမ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၅ခုနှစ်၊ ဇူလိုင်လက ဖြစ်ပွားခဲ့သောရေကြီးမှုများကြောင့် ပျက်စီး ဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရာ လက်ရှိတွင် ကလေးမြို့၌ အိမ် ၅၀ရာခိုင်နှုန်းခန့် ပြန်ဆောက်ပေးပြီးပြီဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဦးစီး ဦးစဝီလီဖရန့်က မဇ္ဈိမသို့ ပြောသည်။

"ကလေးမှာ အိမ်အသစ်ဆောက်ပေးရမယ့် ၃၅၅ လုံးမှာ ၅၀ရာခိုင်နှုန်းလောက်ပြီးပါပြီ။ တမူးမှာ ကတော့ ၃၈၅ လုံးမှာ ၄၀ရာခိုင်နှုန်းလောက်ပြီးသွားပါပြီ။ တစိတ်တပိုင်းပျက်စီးသွားတဲ့ အိမ်တွေ ကိုတော့ လိုအပ်တဲ့ပစ္စည်းတွေ ပျက်စီးတဲ့ အတိုင်းအတာအလိုက် ပေးဖို့ လုပ်နေပါတယ်"ဟု တိုင်းဦးစီးဖြစ်သူ ဦးစဝီလီဖရန့်က ပြောသည်။

စစ်ကိုင်းရေဘေးနှင့် ပတ်သက်၍ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)၊ အစိုးရ နှင့် ဒေသခံအလှူရှင်များ ပူးပေါင်း၍ စားရေးရိက္ခာများ ထောက်ပံ့ပေးနေသည်မှာ ၃လခန့်ရှိပြီး စုစုပေါင်း ၆ လအထိ ထောက်ပံ့ပေးရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

ယင်းထောက်ပံ့မှုတွင် ပျက်စီးသွားသော လယ်မြေများအား စက်ယန္တရားကြီးများဖြင့် အခမဲ့ ထွန်ယက်ပေးခြင်း၊ မျိုးစပါးများထုတ်ဝေပေးခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ ရွေ့ပြောင်းနေထိုင်မည့် ရွာ(၁၂)ရွာအတွက် ရွှေ့ပြောင်းစရိတ်များ ကူညီထောက်ပံ့ပေးရန် အစီအစဉ်ရှိကြောင်း ၎င်းက ပြောသည်။

ရေကြီးမှုများနှင့် လွတ်ကင်းစေရေး ရွှေ့ပြောင်းနေထိုင်သော ရွာများမှာ ကလေးမြို့နယ်တွင် (၁၂)ရွာ၊ တမူးမြို့နယ်တွင် (၄)ရွာရှိနေပြီး ပညာသင်ကြားရေးအတွက် ပြောင်းရွှေ့မည့် နေရာအနီးတဝိုက်တွင် ယာယီစာသင်ဆောင်များ ဆောက်ကာ သင်ကြားလျက်ရှိကြောင်း သိရသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...